သတင်း

NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

ဒီလိုင်း - ရိုက်ကူး ”ကျွန်တော်တို့ထိန်းညှိ့ရပါတယ်၊ပြီးတော့ကျွန်တော်တို့NLDကကြီးစိုးတဲ့လွှတ်တော်လည်းဖြစ်တဲ့အခါကြတော့အစိုးရနဲ့လွှတ်တော်ကြားမှာ အားလုံးအဆင်ပြေတယ်၊ကျွန်တော်တို့လွှတ်တော်မှာတင်ပြလိုက်တဲ့ဟာတွေ၊ကော်မတီရဲ့ကွင်းဆင်းဆောင်ရွက်မှုတွေ၊နောက်ဆုံးပိတ်လွှတ်တော်ရဲ့တိုင်ကြားစာမှုတွေ၊အစိုးရကလွှတ်တော်ကတင်ပြတဲ့အတိုင်းအကောင်အထည်ဖော်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောပါတယ်။Red News Agency
Read More
ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ဒီလှိုင်း။ အောင်လံ၊ ဇန်နဝါရီ ၃၀ ရက်။ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ရွှေပန်းတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက သစ်ကားဖမ်းဆီးခဲ့တဲ့ရွှေပန်းတောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို ဒေသခံသရက်ချောင်းကျေးရွာသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းဦးစီးအရာရှိ ဒုရဲမှူးကြီးတင်မိုးက ပြောပါတယ်။ ပိုင်ရှင်များထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့သစ်တွေကို သက်ဆိုင်ရာသစ်တောဌာနကိုပြန်သယ်ဖို့စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သရက်ချောင်းကျေးရွာမှ အသက်၃၀ဝန်းကျင်သန်းဇော်ဦးဆို သူကဓားဖြင့်ဝင်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦးဓားဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူသန်းဇော်ဦးမှာ ခါးအောက်ပိုင်းဘယ်ညာခြေထောက်နဲ့ပေါင်ကိုသေနတ်ဒဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့တဲ့အတွက်ပြည်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေကို တာဝန်ဝတ္တရားနှောက်ယှက် တိုက်ခိုက်ခဲ့သူသန်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ(၃၀၇/၃၃၂)ဖြင့် ဇန်နဝါရီ၂၉ရက်နေ့မှာရွှေပန်းတောရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါသည်။Red News Agency  
Read More
ဘုရားကြီးပြုပြင်မှုများ  ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

ဘုရားကြီးပြုပြင်မှုများ ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

ဒီလှိုင်း ရွှေစက်တော်၊ ဇန်နဝါရီ ၂၉ ရက်။ " ယခင်အစိုးရလက်ထက်က ဘုရားကြီး ရံပုံငွေ စုစု‌ပေါင်းက၃.၅ဘီလီရံရှိတယ်၊သိန်းပေါင်း၃သောင်းနဲ့၅၀၀၀ကျပ်။ ခုအစိုးရလက်ထက်မှာ၇သောင်းကျော်ရှိတယ်၊ဘုရားကြီးမှာ၊၄နှစ်ဘဲရှိသေးတယ်၊ကျွန်တော်တို့လက်ထက်မှာ၊နှစ်ဆတိုးလာတယ်၊ဒီကြားထဲမှာဘက်စုံလှူတာတွေကိုးခန်းကြီးမှာကနှတ်တွေဘာတွေနဲ့ထင်ရာမြင်ရာလျှောက်လုပ်တာမဟုတ်ဘူး၊တန်ပဝတီပေါ့ မြန်မာဗိသုကာပညာရှင်မန္တလေးကဦးဝင်းမောင်တို့အဖွဲ့ တွေနဲ့ပြင်တာလိုအပ်တာတွေအကုန်လုံးပြင်တယ်" လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ဒီကနေ့မှာတော့ မန်းရွှေစက်တော် ဘုရားပွဲတော် ခြေတော်ရာ ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိရက်ပေါင်း၈၀ကြာအထိကျင်းပသွားမှာ ဖြစ်ပါတယ်။Red News Agency
Read More
ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။ ” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့…
Read More
ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

ပညာရေး ဝန်ကြီးဌာနကို မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ဆန္ဒပြ

ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာအဆင့် စာမေးပွဲကာလ ပြင်ဆင်မှုများနဲ့ ပတ်သက်ပြီး ဒီကနေ့ မကွေးပညာရေးကောလိပ်ကနေ မကွေးတိုင်းပညာရေးမှူးရုံးရှေ့ထိ ကျောင်းသူကျောင်းသား ဆရာ ဆရာမများက ဆန္ဒပြခဲ့ကြပါတယ်။ ပညာရေး စနစ်အပြောင်းအလဲ လုပ်မယ့်ကိစ္စကို အောက်ခြေအဆင့်ထိဆင်းပြီး လေ့လာမှုများမလုပ်ခဲ့ဘဲ ဝန်ကြီးဌာနက လုပ်ချင်တိုင်း လုပ်နေတဲ့ ကိစ္စကို ပြင်ဆင်ပေးဖို့၊ ဆရာ ဆရာမမလုံလောက်မှု စတဲ့ အခက်အခဲတွေ ၊ ပညာရေးဝန်ကြီးဌာန အာဏာရှင်ဆန်ဆန်း လုပ်နေတဲံ့ ကိစ္စတွေအတွက် ဒီကနေ့ ဆန္ဒပြကြတာလို့ သိရပါတယ်။ ရိုက်ကူး – ဒီလှိုင်း Red News Agency
Read More
တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

တရုတ်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး

ဝိုင်- ရိုက်ကူးသည်။ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက်။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းပေးရေးနှင့် တိုင်းပြည်၏သဘာဝသယံဇာတရင်းမြစ်များကာကွယ်ပေးရန် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံရောက်ရှိနေစဉ် ယနေ့ဇန်နဝါရီ ၁၈ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ မြန်မာ့နိုင်ငံရေးလူမှုအဖွဲ့အစည်းအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ Red News Agency
Read More
အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

ရေနံချောင်း၊ ဇန်နဝါရီ ၁၆ ရက်။ မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့၌‌ အောင်ဆန်းရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ဇာတ်ဝင်ခန်းကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဒါရိုက်တာ လူမင်းကိုယ်တိုင် ဦးစီးပြီး ဒေသခံများကို နေ့တွက်ခပေးကာ ဒေသခံ လူ ၅၀၀ ဝန်းကျင်သုံးပြိး ရေနံချောင်းတွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။ ယနေ့ ရေနံချောင်းတွင် ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံြမေသပိတ်ကို ဖြိုခွင်းခံရပုံဖြစ်ကြောင်း၊ ဒေသခံများကို နံနက် ၇ နာရီမှစတင်ခေါ်ယူပြီး နေ့လည်ပိုင်းတွင် ရိုက်ကူးကြောင်း၊ ဒေသခံများကို နေ့တွက်ခ တဦးလျှင် တစ်သောင်းနှုန်းပေးကြောင်း၊ ဒေသခံများသည် ငွေကြေးထက် အောင်ဆန်း ရုပ်ရှင်တွင် တဒေါင့်တနေရာမှ…
Read More
ရွာသာယာရွာက အိုးလုပ်ငန်း

ရွာသာယာရွာက အိုးလုပ်ငန်း

ဒီလှိုင်း။ မင်းဘူး၊ ဇန်နဝါရီ ၁၄ ရက်။ အိုးလုပ်ငန်းရာသီရောက်လာပြီဖြစ်သော်လည်း ရွာသာယာရွာတွင် အစိုးရဝန်ထမ်းအလုပ်၊ နယ်ဝေးထွက် အလုပ်အကိုင် လုပ်နေသူများကြောင့် ရွာသာယာရွာတွင် အိုးလုပ်ငန်းဖြင့် စီးပွားရှာသူ နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွာသာယာရွာအုပ်စု အတွင်းမှာရှိသည့် စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာများတွင် မြေအိုးလုပ်ငန်းများကို ဘိုးဘွားအစဉ်အဆက်က မိသားစု တပိုင်တနိုင် လက်ဆင့်ကမ်း လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ ၆၃၀၊အိမ်ထောင်စု၄၇၀စု၊လူဦးရေ ၂၂၀၀ကျော်ရှိပြီး ယခင်နှစ်များကအိုးလုပ်ငန်းကိုဦးရေ၅၀ကျော်လုပ်ကိုင်ကြသော်လည်းယခုအခါ အိမ်ထောင်စု၂၀စုခန့် သာလုပ်ကိုင်ကြကြောင်း၊ စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာတို့မှာ ရွာသာယာရွာထက်အိုးလုပ်ငန်းလုပ်ကိုင်သူနည်းလာကြောင်းသိရသည်။ (more…)
Read More
ပျူလူမျိုးစု တောင်သားလူမျိုးများ တတိယအကြိမ် တွေ့ဆုံပွဲ အကြို မီးကြာလှည့်ပွဲနှင့် သနပ်ခါးတို့ပွဲ ကျင်းပ

ပျူလူမျိုးစု တောင်သားလူမျိုးများ တတိယအကြိမ် တွေ့ဆုံပွဲ အကြို မီးကြာလှည့်ပွဲနှင့် သနပ်ခါးတို့ပွဲ ကျင်းပ

ဆော၊ ဒီဇင်ဘာ ၂၇ ရက်၊ ဒီလိုင်း-ရိုက်ကူးသည်။ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊မိအယ်ကျေးရွာအခြေခံပညာကျောင်းဝိုင်းအတွင်းတွင် ထီးလင်းမြို့နယ်၊ဆောမြို့နယ်၊ဂန့်ဂေါမြို့နယ်၊စေတုတ္တရာမြို့နယ်စသည့်မြို့နယ်ပေါင်းစုံ မြို့နယ်အသီးသီးမှ ပျူမျိုးနွယ်စု(ခေါ်)တောင်သားလူမျိုးများ တတိယအကြိမ်တွေ့ဆုံပွဲ အကြိုအဖြစ် ဒီဇင်ဘာ ၂၇ ရက်ည ပိုင်းတွင်း မီးကြာလှည့်ပွဲနှင့် ရိုးရာ သနပ်ခါးတို့ပွဲနှင့် ရွာဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပွဲ ကျင်းပခဲ့သည်။ Red News Agency
Read More
နတ်မတောင် ဝန်းကျင်က ရှုခင်းများ

နတ်မတောင် ဝန်းကျင်က ရှုခင်းများ

အဖေသေပျော်ပြီ သမီးရေတဲ့ နတ်မတောင်ပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖခင်တဦးက သမီးဖြစ်သူကို ပြောကြားလိုက်တဲ့ စကားသံကို ကြားမိလိုက်တာပဲဖြစ်ပါတယ်။ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ဆိုတာကတော့ အများက နတ်မတော်လို့ သတ်မှတ်ခေါ်ကြပါတယ်။ (more…)
Read More