ကလေးမြို့

ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။   မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏…
Read More
မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

"ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ” ေ အ ာ င် မှူ း ေ ဝ (၁) ကျွန်တော်က သိပ်ကိုကျေးလက်ဆန်တဲ့ မြို့ပြင်ရပ်ကွက်ကလေးမှာ ကြီးပြင်းလာသူပါ။အခုလို မိုးရာသီဆို ကျွန်တော့်ရပ်ကွက်ကလေးကို စပါးခင်းကြီးတွေက ဝိုင်းထားတယ်။ဖိုးဖေဆလပ်လယ်ရေသွယ်မြောင်းနဲ့ ဖိုးထွန်းအေးလယ် ရေသွယ်မြောင်းတို့ကြားမှာ တာလမ်း။တာလမ်းဆိုတာ ကလေးမြို့-ကလေးဝလမ်းကိုပြောတာ။အေးပေါ့ အခုချစ်ကြည်ရေး လမ်းမကြီးပေါ့။ဘာစိန်ပန်းပင်မှမရှိသေးဘူး။ကြိမ်ချုံတွေ ၊ကုလားငေါက်ပင်တွေ၊ကိုင်းအုပ်တွေ၊ဇရစ်ရိုးပင်၊ပိန်းပင်ကလေးတွေ၊တစီတတန်းပေါက်ရောက်နေတယ်။ဖောင်ကူးရွာဟောင်းမရောက်ခင် လမ်းဘေးမတော့ ပေါက်ပင်ကြီး နှစ်ပင်သုံးပင်၊ဘယ်ဘက်ယိမ်းတဲ့အပင်ယိမ်း ညာဘက်ယိမ်းတဲ့အပင်ယိမ်းလိုက်လို့။တာလမ်းကလည်း ကျောက်ကြမ်းလမ်းသာသာ ကတ္တရာပါလေရုံလမ်းပဲ။ ကျွန်တော့်အိမ်ရှေ့မှာ ကလေးမြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်ရှိတယ်။ဆိုင်းဘုတ်က နှစ်ဖက်။တစ်ဖက်မှာ ကလေးမြို့မှနှုတ်ခွန်းဆက်သပါ၏လို့ရေးထားတယ်။တစ်ခါတလေ အဝါရောင်ဆေးတွေသုတ်ထားကြတယ်။တစ်ခါတလေလည်း အပြာအစိမ်း၊ညားသလိုသုတ်တဲ့ဆေးရောင်တွေပါပဲ။တာလမ်းနဲ့ကျွန်တော့်အိမ်ကြားမှာပေလေးဆယ်လောက်မြက်ခင်းကလေးခြားထားတယ်။ဆင်ငိုမြက်တွေပေါက်နေတာပဲ။ဆိုင်းဘုတ်နဲ့မြက်ခင်းနဲ့ ပနံတော့ ရတယ်။အခုနေပြန်တွေးရင် တောရှုခင်းပန်းချီကားတစ်ချပ်လိုပါပဲ။ ဆိုင်းဘုတ်အောက်ခြေမှာ အုတ်ခုံရှိတယ်။ဆိတ်ကျောင်းသားတွေ အပျင်းပြေကျောက်ခဲနဲ့ထုကြလွန်းလို့ ပဲ့တဲ့နေရာက ပဲ့နေတယ်။ကျောက်ခဲကလည်း ဝေးဝေးလံလံရှာရတာမှမဟုတ်ဘဲ။လမ်းပေါ်တင် ပြည့်လို့။ဆိုင်းဘုတ်အုတ်ခုံဟာ လသာတဲ့ညတွေမှာများကြည့်မိရင် ဘုရားဒကာတစ်ယောက်ယောက်ရဲ့အုတ်ဂူနဲ့တူသလိုလိုပါပဲ။တာလမ်းပေါ် အာရ်တီစီကားတွေ သစ်ထုတ်ရေးဟီးနိုးကားတွေ ဖြတ်မောင်းသွားကြတယ်။တစ်ခါတလေတောက ဆင်တွေ တက်လာတာလည်းတွေ့ရတတ်တယ်။မနက်အစောပိုင်းဆိုရင် ဖောင်ကူးရွာဘက်က ငါးသည်တွေ စကားတပြောပြောနဲ့မြို့ထဲ ငါးရောင်းလာကြတာလည်း တွေ့ရတတ်တယ်။ခေါင်းပေါ်မှာ အိုးတွေအများကြီး ဆင့်ရွက်ထားတဲ့အိုးသည်မတွေလည်း မြို့ထဲဝင်လာကြတာတွေ့ရတတ်တယ်။ညနေပိုင်းဆိုရင်တော့ အခင်းတော လယ်တောက ပြန်လာတဲ့ လှည်းတွေ တအီအီမောင်းလာကြတာတွေ့ရတတ် တယ်။လှည်းပေါ်မှာ မိုးခါဆို မြက်ထုံး၊ဆောင်းခါဆို ကောက်ရိုး ပဲရိုးတွေ တင်တင်လာကြတယ်။လှည်းနောက်မှာ ခွေးတစ်ကောင် နှစ်ကောင်က ခပ်သုတ်သုတ်လိုက်လို့။…
Read More
သလ္လာဝတီ မြစ်ညာဆီသို့

သလ္လာဝတီ မြစ်ညာဆီသို့

ရေမြင့်ရင်အနေမြင့်၊ ရေကျရင် အနေကျ၊ ငါးချလို့ဝမ်းစာရှာပြီး မြစ်ရေကြောမှာ အလိုက်သင့်ရှင်သန်နေကြတဲ့ တံငါသည်တွေရဲ့ဘဝ ​ကျော်သူစိုး ( ကလေးမြို့) သလ္လာဝတီလို့ခေါ်တဲ့ ချင်းတွင်းမြစ်အထက် ရေမိုင်(၅ဝ)ဆန်တက် ခရီးထွက်ခွင့်ကြုံခဲ့ရတာ လေးကို ရင်ထဲမှာသတိတရဖြစ်နေတုန်းပါ။ ကုသိုလ်နဲ့ဒေသန္တရ ဗဟုသုတတွေ ထုပ်ပိုးသယ်ပြန်ခဲ့ရ တဲ့ ခရီးစဉ်တစ်ခု …။ မွေးရာပါမျက်မမြင်ဖြစ်ခဲ့ရတဲ့ မောင်နှမ(၄)ယောက်အတွက် ထောက်ပံ့ရေးအလှူငွေ သွားပို့ ပေးတဲ့ ခရီးစဉ်တစ်ခု ..။ မော်လိုက်မြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ “လောင်းကောင်း”ဆိုတဲ့ ရွာ ကလေးဆီသို့ …။ သူတို့မောင်နှမ(၄)ယောက်အတွက် အထောက်အပံ့ဖြစ်စေမယ့် အလှူငွေအချို့ကို သွား ရောက် ထောက်ပံ့ကြတာပါ။ ကျွန်တော့်ငွေအင်အားနဲ့ ထောက်ပံ့နိုင်ခြင်းကားမဟုတ်။ ကျွန်တော့်သတင်းတစ်ပုဒ် အကျိုး ကြောင့် လှူနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ မွေးရာပါစက္ခုအလင်းမဲ့ခဲ့ရတဲ့ သူတို့မောင်နှမလေးယောက်ကို သီတဂူစက္ခုဒါန ဆေးရုံကြီး…
Read More