“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။

” သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်” ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။

ကံတွင်းကျေးရွာဘက်မှ ထွက်ခွါလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတပ်မတော်မှ သူရဲကောင်း ရဲဘော် မောင်အောင်ပိုင်စိုးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

” ယောကျာ်း မရှိတော့တဲ့ အမေ…သားလိမ္မာလေး မရှိတော့တဲ့ အမေ…သားလေး ကောင်းရာသုဂတိရောက်ပါစေ” ဟုဆိုကာ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတပ်မတော်မှ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဈာသနရုပ်သံနှင့်တကွ ယနေ့ ဖော်ပြထားသည်။

Red News Agency

By Editor