အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်ထက် စိန်ရတူ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု နည်းပါး

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
 
ရွေးကောက်ခံအစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီလက်ထက် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၌ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု မရှိသလောက်နည်းပါးကြောင်း စုံစမ်းသိရှိရသည်။
 
ယခင်နှစ်များက လွတ်လပ်ရေးနေ့တွင် ဘောလုံးကန်ခြင်း၊ ခေါင်းအုံးရိုက်ပွဲကျင်းပခြင်း၊ ချောတိုင်တက်ပွဲကျင်းပခြင်း စသည့် အားကစားမျိုးစုံ ပျော်ပွဲရွှင်ပွဲများကို မြို့နယ် ရပ်ကွက် လမ်းများထဲတွင် ပြုလုပ်ခဲ့ကြသော်လည်း ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့ ရန်ကုန်မြို့တွင် လူသွားလူလာနည်းပါးပြီး တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူများသည် နေ့စဉ် ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ကျေးရွာများမီးရှို့ခံရခြင်း စသည့် စစ်ဘေးကို ကြုံတွေ့နေကြရပြီး၊ လက်နက်ကိုင်တိုက်ပွဲများနှင့် လမ်းမပေါ်က ပြောက်ကျားသပိတ် ဆန္ဒပြပွဲများဖြင့်သာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအရေးအတွက် ကြိုးစားနေပြိး ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်မှု နည်းပါးလာကြသည်ကို စုံစမ်းသိရှိရသည်။
 
ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် စစ်ကျွန်ဘဝရောက်ရှိနေပြီး၊ ရန်ကုန်မြို့ မြင်ကွင်းအဖြစ် လိုက်လံကြည့်ရှု စုံစမ်းရာတွင် ရပ်ကွက်တချို့၏ လမ်းများတွင်သာ ပျော်ပွဲရွှှုင်ပွဲပြုလုပ်ကြောင်း တွေ့ရှိရသည်။
 
#RedNewsAgency

By Editor