သတင်း

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။ " ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ" ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။ (more…)
Read More
NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့်…
Read More
စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ " စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်" ဟူ၍ အမေရိကန်…
Read More
ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု အစည်း အဝေး (၁/၂၀၂၂) ကို ဇန်နဝါရီ ၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး ခိုင်မာသည့် ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး ဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် ပိုမိုအရေးပါလာပြီဖြစ်ပြီး တရားရေးဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲမှု ကိစ္စများနှင့်ပတ်သက်၍ နေ့စဉ်ကြားသိနေရသည့်အတွက် အစိုးရအနေနှင့် ခိုင်မာတဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး လိုအပ်နေပြီဖြစ်သည်ဟု အစည်းအဝေးတွင် ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် တရားရေးနှင့် ချိတ်ဆက်လုပ်ရမည့် အလုပ်အများအပြား အများကြီးရှိနေခြင်းကြောင့်အချိတ် အဆက်မိမိ ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်…
Read More
ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ (၃) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင် VIP များသာထားရှိသည့် ၅ တိုက် (ခ) စက်ချုပ် မှာ အတူတူထားရှိကြောင်း သိရသည်။ သီးသန့်အချုပ်ဆောင်တွင် ထားရှိစဉ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ အခြားသရုပ် ဆောင်နှင့်အဆိုတော်တချို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ကျခံခဲ့ကြရကြောင်း၊ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅(က)နှင့် မတရားအသင်းဆက်သွယ်မှု…
Read More
လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ " ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်" ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း…
Read More
မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ မိမိတို့အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က ပြောကြားထားသည်။ ယနေ့ ၂၀၂၂ ခုနှစ်၊ ‌ဇန်နဝါရီလ ၂ ရက်နေ့သည် သလေ လဆန်း ၁ ရက်၊ ၂၇၆၁ ခုနှစ်မြောက် ကရင့်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှု၊ ဘဝ၊ ဓလေ့ ၊ ထုံးတမ်းစဉ်လာများသည် အမျိုးသားလက္ခဏာတရပ်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀)…
Read More
NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် " တပ်ပျက်လုလု ဖိုးတက်ပု" သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။ Red News Agency
Read More
“အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်ကာ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကြိုဆို

“အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်ကာ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကြိုဆို

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံမှ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြပြီး ယနေ့ည ၁၂ နာရီတွင် " အရေးတော်ပုံ အောင်ရမည်" ဟု (၃) ကြိမ် အကျယ်လောင်ဆုံးသံပြိုင်ကြွေးကြော်ကာ ပြည်သူလူထုက ၂၀၂၂ ခုနှစ် နှစ်သစ်ကို ဆိုခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုကာ ပြည်သူ့အစိုးရ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့စည်းနှင့် ထင်ရှားသည့် ပုဂ္ဂိုလ်များကို အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးလိုက်သည့်အတွက် ပြည်သူတရပ်လုံးက စစ်အာဏာရှင်တော်လှန်ရေး ( နွေဦးတော်လှန်ရေး) ငြိမ်းချမ်းစွာဆန္ဒပြမှုမှစတင်ကာ လက်နက်ဆွဲကိုင် တော်လှန်သည့် အခြေအနေထိ…
Read More