ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။

နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။

#RedNewsAgency

By Editor