ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် – ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။

” လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်” ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ချင်းတွင်းဒေသ အခြေခံစစ်ပညာ သင်တန်းအပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ အခမ်းအနားကို မြန်မာပြည်အလယ်ပိုင်း ချင်းတွင်းမြစ် အနောက်ဖက်ကမ်း တနေရာမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)သည် ရှစ်လေးလုံး လူထုအရေးတော်ပုံကာလတွင် ပေါ်ပေါက်ခဲ့သည့် တခုတည်းသော ကျောင်းသားတပ်မတော်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလတွင် ကရင်ချင်ပြည်နယ်၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများရှိကြောင်း သိရသည်။

#RedNewsAgency

By Editor