ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။

” တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်” ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဘုရားသုံးဆူရဲစခန်းအား နဂါးနီစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ် ခလရ (၂၈၄)၊ ခလရ (၉၇) တပ်များမှ အင်အား (၃၀) ခန့် စစ်ကူလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor