သတင်း

ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။ နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။ #RedNewsAgency
Read More
ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ " လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်" ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။ (more…)
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်" ဟု BPLA ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (more…)
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ   RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People's Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More