Albino Tiger Company

ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ချောင်းဆုံ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျားဖြူစစ်ကြောင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေရာကို ကျ‌နော်တို့ ကျားဖြူတပ်ခွဲ ၄ အပါအဝင် ကျားဖြူစစ်ကြောင်းက ညီအစ် ကိုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ စကစတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု Albino Tiger…
Read More