ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ချောင်းဆုံ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျားဖြူစစ်ကြောင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေရာကို ကျ‌နော်တို့ ကျားဖြူတပ်ခွဲ ၄ အပါအဝင် ကျားဖြူစစ်ကြောင်းက ညီအစ် ကိုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ စကစတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု Albino Tiger Company 4 – ကျားဖြူတပ်ခွဲ ၄ က ယမန်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) စတင်သည့်နေ့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်စခန်းများကျဆုံးခဲ့ပြီး၊ ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ထိန်းသိမ်းလိုက်ကြောင်း၊ တောင်ပိုင်းစစ်ဒေသဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ စခန်းများ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

#RedNewsAgency

By Editor