Move Forward ပါတီမှ တင်သွင်းသည့် စည်းပုံကို ပြင်ဆင်ရေးဆွဲရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် အဆိုပြုချက် ပယ်ချခံရ

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

ထိုင်းလွှတ်တော်မှာ Move Forward ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန် အဆိုပြုလျှောက်ထားချက်ကို ၂၆၁-၁၆၂ မဲဖြင့် အောက်တိုဘာ ၂၅ ရက်က ပယ်ချခဲ့ရကြောင်း သိရသည်။

ထိုင်းလွှတ်တော်မှာ Move Forward ပါတီ၏ အဆိုပြုလျှောက်ထားမှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၆ ဖြင့် မဲပေးသူစုစုပေါင်း ၄၂၉ မဲ ရှိခဲ့သည်။

Serena Thavisin ဦးဆောင်သည့် ထိုင်းအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ Fully-Elected Charter Drafting Committee (CDC) ကို ဖွဲ့စည်းခဲ့သည်။


CDC ကော်မတီမှာ အများစုရွေးထားသည့် အဖွဲ့ဝင်များ၊ တစ်စိတ်တစ်ပိုင်းရွေးချယ်ခံအဖွဲ့ဝင်များ၊ တိုက်ရိုက်ခန့်အပ်သည့် အဖွဲ့ဝင်များ ပါဝင်ကြကြောင်း၊ ကော်မတီမှာ ပါဝင်သည့် အရေအတွက် ရှင်းလင်းစွာ မသိရသည့်အတွက် Move Forward ပါတီမှ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

Move Forward ပါတီနှင့် PheuThai ပါတီ အမတ်အချို့တို့သည် CDC ကော်မတီကို ထောက်ခံကာ တရားဝင်မှုအတွက် ထိုင်းစစ်အစိုးရမှ ရေးဆွဲထားသည့် ဖွဲ့စည်းပုံမူကြမ်းကို ပြန်လည်ရေးဆွဲရေးအတွက် လွှတ်တော်၏ အတည်ပြုချက်လိုလားသည့်အတွက် အဆိုပြုချက်ကို ထောက်ခံခဲ့ကြောင်း၊ အထက်လွှတ်တော်အမတ်များက အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြကြောင်း၊ အစိုးရသည် ပြည်သူဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးကော်မတီမှတဆင့် ဖွဲ့စည်းပုံမူကြမ်း ပြန်လည်ရေးဆွဲရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

Pheu Thai ပါတီ အမတ်အချို့သည် ပြည်သူ့ဆန္ဒခံယူပွဲအတွက် အစိုးရ၏ မူကြမ်းပြန်လည်ရေးဆွဲရေးကော်မတီမှ မူကြမ်းပြန်လည်ရေးဆွဲရေးလုပ်ငန်းတွေ အချိန်ကြန့်ကြာအောင် လုပ်နေသည်ဆိုသည့် အကြောင်းပြချက်ကို ကန့်ကွက်ခဲ့ပြီး၊ အရှိန်မြှင့်ကာ လုပ်ဆောင်နေကြောင်း ပြန်လည်ပြောကြားထားသည်။

Move Forward ပါတီသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တော်ဝင်ဘုရင့်ဥပဒေ ပြင်ဆင်မည်ဟုဆိုကာ ထိုင်းရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် ပါတီဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလက ကျင်ပခဲ့သည့် ထိုင်းနိုင်ငံအထွေ ထွေရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့ပြီး၊ ပါတီခေါင်းဆောင်ဟောင်း ပီတာ ဝန်ကြီးချုပ်အဖြစ် လွတ်တော်တွင် အဆိုပြုခဲ့ရာ၊ ထိုင်းစစ်အစိုးရခန့် အထက်လွှတ်တော်အမတ်များမှ ကန့်ကွက်မဲပေးခဲ့ကြကြောင်း၊ ထိုင်းမီဒီယာ ကုမ္ပဏီရဲ့ iTV ရှယ်ယာများ ပိုင်ဆိုင်ထားသည်ဟုဆိုကာလွှတ်တော်ကိုယ်စားလောင်း အရည်အချင်း မကိုက်ညီဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပီတာကို ယာယီဆိုင်းငံ့ထားခြင်း ဖြစ်သည်။

Ref : Thai Enquirer

#RedNewsAgency

By Editor