တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ သုံးရက်တာ အလည်အပတ်ခရီးစဥ်မှာ အမေရိကန်ထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှာဖြစ်သည်။

နိုဝင်ဘာလအတွင်း အမေရိကန်သမ္မတ Joe Bidenနှင့် တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးပွဲရှိကြောင်း၊ ယင်းဆွေးနွေးပွဲအတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က လာရောက် ညိုနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်- တရုတ် နှစ်နိုင်ငံဆက်ဆံရေး ထိုးကျနေမှုကို ရပ်တန့်ရေးနှင့် ပြန်လည်တည်ငြိမ်ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသောလမ်းကြောင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အမေရိကန် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားထားသည်။

Ref – Xinhua News

#RedNewsAgency

By Editor