Red News Agency

Independent Journalism for Justice and Human Rights.

Author: RNA Editor

  • အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

    အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

    RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

    တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု သိရသည်။

    (more…)

  • စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

    စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။

    စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကိုငံ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသောအားဖြင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA က ယနေ့ ထုတ်ပြန်လိုက်သည်။

    “မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး(TNLA) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ွရက်ပါမည် ဖြစ်ပါသည်” ဟုတ် ထုတ်ပြန်တွင် ဖော်ပြထားသည်။

    (more…)

  • မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

    မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    “ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ” ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=ouEcBnf7C8k[/embedyt]

    တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။

    Red News Agency

  • စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

    စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီအသုံးချခံ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံ တနေရာတွင် အခြေစိုက်ကြသော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA ကထုတ်ပြန်ထားပြီး၊ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန် ဆောင်ရွက်ရန်အတွက်သာ ဖြစ်သည့်အတွက်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

    စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။

    (more…)

  • ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

    ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

    “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

    လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

    KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။

    (more…)

  • စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ

    စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ

    RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီတပ်များသည် အညာဒေသအတွင်း ကျေးရွာများကို မီးရှို့မှုများအပြင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း တော်လှန်ရေးအားကောင်းနေမှုနှင့် ဒေသတွင်းအခြေအနေများကို စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းမှ ဆေးတပ်သား (၂) ဦးက ပြောပြထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=Kho2ZTmf1Ho[/embedyt]

    #RedNewsAgency

  • အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

    အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)