Red News Agency

Independent Journalism for Justice and Human Rights.

Author: RNA Editor

  • စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=sR50YI7TKTI[/embedyt]

    #RedNewsAgency #RedNews

  • နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့်  နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။

    (more…)

  • အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

    (more…)

  • လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

    လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

    လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ
     
    RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။
     
    SAF တပ်ဖွဲ့၏ စစ်ရေးပြင်ဆင်ထားမှုနှင့် ၂၀၂၅ အတွင်း ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ စစ်ရေးအရ စစ်ကောင်စီကို အသာစီးရထားမှသာ နိုင်ငံရေးအရ အသာစီးရမသွားနိုင်ကြောင်း၊ ပြည်သူများ၏ လိုလားချက်သည် စစ်တိုက်မှရမည်ဆိုပါက တိုက်ကြရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံ၍မရဟု Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=tSJh9aRTtn0[/embedyt]
    #RedNewsAgency #REDNEWS #RNA #revolution #democracy #Federal

  • စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ်၊ နောင်ဝိုးတပ်နှင့် တောင်ခမ်းစစ်ကူသွားသော စစ်ကြောင်းများနှင် DPLA တို့ တိုက်ပွဲဖြစ်ပွားနေ

    စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ်၊ နောင်ဝိုးတပ်နှင့် တောင်ခမ်းစစ်ကူသွားသော စစ်ကြောင်းများနှင် DPLA တို့ တိုက်ပွဲဖြစ်ပွားနေ

    RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂) နှင့် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်မှစစ်ကူသွားသော စစ်ကြောင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    (more…)

  • ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

    ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

    RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=MFXdicUtShk[/embedyt]

    “မန်းတောင်ရိပ်ခိုအောင်ပွဲကြို” ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ “မန်းတောင်ရိပ်ခိုအောင်ပွဲကြို” ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA #AhNyar

  • ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

    ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။

    စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀) ကျော်နှင့် စစ်သုံ့ပန်းများ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယမန်နေ့ညပိုင်းတွင် AA ကထုတ်ပြန်ထားသည်။

    (more…)

  • လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

    လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး၏ တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    လင်းကတောနယ်မြေရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ခိုက်စဉ် ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ််ခဲ့ရာ ဒီဇင်ဘာ (၇) ရက်နေ့တွင် မြိုင်မြို့နယ် ပ.က.ဖ မှ ရဲဘော် (၅) ဦး၊ ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)

  • အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

    အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် စသည်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

    အမ်းဒေသအတွင်းမှ လေဆိပ်အနီးမှ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီ၏ စခန်းငယ်များအပါအဝင် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း။ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ စသည်တို့ကို အားလုံးသိမ်းပိုက်ထားနိုင်ပြီး နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တခုသာကျန်ရှိတော့သည်ဟု အာရက္ခတပ်တော် – AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

    (more…)

  • အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

    အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

    RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။
     
    အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=hHUyqAWwjZU[/embedyt]
    ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။
    #RedNewsAgency