RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) ဗျူဟာမှ ပြုလုပ်သော အပတ်စဉ် (၆) သင်တန်းဆင်းရဲဘော် (၁၀၀) ကျော်ရှိရာတွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်ပြီး အမျိုးသားများနှင့်တန်းတူ သင်တန်းတက်ရောက် အောင်မြင်ခဲ့သည်ဟု သိရသည်။
အမှတ်(၈ )ဗျူဟာ၏ လက်အောက်ခံ တပ်ရင်းအသီးသီးရှိ သင်တန်းသား (၁၀၀) ကျော်တက်အောက်ခဲ့သော အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာ၌ ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း၊ သင်တန်းဆင်း ရဲဘော်များအနေဖြင့် စစ်ရေးအခြေစိုက် ဒေသများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း KNDF Tactical Opreation Command – 8 ကထုတ်ပြန်ထားသည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ NUG စိုးမိုးနယ်မြေအတွင်းရှိ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေး/အုပ်စု တာဝန်ခံများ ဇန်နဝါရီလ (၁၇) ရက်နေ့က ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်း နွေဦး-ဖောင်းပြင် ထံမှ သိရသည်။

ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့ နှင့်ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး နာယက၊ သက်ဆိုင်ရာတိုက်နယ်အဖွဲ့အစည်းတာဝန်ရှိသူများက ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေးတာဝန်ခံ (၅) ဦးနှင့် အုပ်စုတာဝန်ခံ (၃) ဦးတို့ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညောင်ရွှေမြို့နယ်၊ ရေပူဘုရားတောင်ကျေးရွာအုပ်စု၊ ရေပူးကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်ရာ နေရာသို့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ (၂၀) မိနစ်ခန့်က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် နန်းအေးမြင့်သန်းအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရသည်။
အသက် (၆) နှစ်အရွယ် အေးဖြင့်သန်းသည် ဦးခေါင်း လက်နက်ကြီးထိမှန်ကာ နေရာတွင် သေဆုံးပြီး၊ ခွန်သိန်းအောင် (အသက်-၂၈ နှစ်)၊ ဦးစိုင်း (အသက် – ၅၅ နှစ်) တို့ ထပ်မံသေဆုံးကာ ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသည့်အတွက် စံကားဆေးရုံ၊ နမ့်ပန်ဆေးရုံနှင့် အောင်ပန်းဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၅ ခုနှစ်။
ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ အကျဉ်းထောင်တွင် လက်နက်ပုဒ်မ ၂၃ (က)ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် (ခ) ကိုကုလားကြီးသည် နှလုံးနှင့် ပတ်သက်သော ရောဂါမရှိသော်လည်းဇန်နဝါရီလ (၅) ရက်နေ့က ရုတ်တရက်နှလုံးဖောက်ရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု ထောင်အာဏာပိုင်များက ပြောကြားထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ထားသည်။


RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။
အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။


RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

RNA_ဇန်နဝါရီလ(၁၅၊၂၀၂၅ ခုနှစ်။
ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့နေသော ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပသုံးလုံး) များအနေဖြင့် စွမ်းရည်နှင့် ကျင့်ဝတ်သည် အထူးအရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေးသည် အလုပ်ဖြစ်ရုံမျှထက် ပိုသင့်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားထားသည်။
