NUG စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေး လစ်ဟာနေသော ရပ်ကျေး/ အုပ်စု တာဝန်ခံများ ပြန်လည်ရွေးချယ်

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ NUG စိုးမိုးနယ်မြေအတွင်းရှိ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေး/အုပ်စု တာဝန်ခံများ ဇန်နဝါရီလ (၁၇) ရက်နေ့က ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်း နွေဦး-ဖောင်းပြင် ထံမှ သိရသည်။


ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့ နှင့်ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး နာယက၊ သက်ဆိုင်ရာတိုက်နယ်အဖွဲ့အစည်းတာဝန်ရှိသူများက ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေးတာဝန်ခံ (၅) ဦးနှင့် အုပ်စုတာဝန်ခံ (၃) ဦးတို့ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

ဖောင်းပြင်မြို့နယ် NUG စိုးမိုးနယ်မြေအတွင်း လစ်ဟာနေသော ရပ်ကျေး/အုပ်စု တာဝန်ခံများကို အမျိုးသားညီညွတ် ရေးအစိုးရ မှ ချမှတ်ထားသော လုပ်ငန်းလမ်းညွန်ချက်နှင့်အညီ ကျန်ရှိသော တိုက်နယ်များတွင်လည်း ချိတ်ဆက်ဆောင်ရွက်ပြီး ဆက်လက်ရွေးချယ်သွားရန်ရှိကြောင်း၊ လစ်ဟာနေသော ရပ်ကျေး/အုပ်စုတာဝန်ခံများ အမြန်ရွေးချယ်ရန် ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အား PDF ရဲဘော်များက ထောက်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor