Tag: NLDအစိုးရ

  • ပသုံးလုံး ပြုပြင်ပြောင်းလဲဲရေး အလုပ်ဖြစ်ရုံမျှထက် ပိုသင့်ဟု ယာယီသမ္မတပြော

    ပသုံးလုံး ပြုပြင်ပြောင်းလဲဲရေး အလုပ်ဖြစ်ရုံမျှထက် ပိုသင့်ဟု ယာယီသမ္မတပြော

    RNA_ဇန်နဝါရီလ(၁၅၊၂၀၂၅ ခုနှစ်။

    ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့နေသော ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပသုံးလုံး) များအနေဖြင့် စွမ်းရည်နှင့် ကျင့်ဝတ်သည် အထူးအရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေးသည် အလုပ်ဖြစ်ရုံမျှထက် ပိုသင့်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားထားသည်။

    (more…)

  • စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

    အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။

    အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ (more…)

  • ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်

    ကောင်းမြတ်နိုင်

    ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုကိစ္စဟာ အစိုးရအနေနဲ့ အာဏာအလွှဲသုံးပြီး အင်အားအလွန်အကျွံအသုံးပြုမှုကို ပြသနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ကနေ ဘယ်နေ့ထိ ခေတ္တခဏရှောင်တိမ်းနေရမယ် အဲဒီလို ပြောင်းရွေ့နေစဉ်ကာလအတွင်း အဲဒီရွာသား အားလုံးရဲ့စားဝတ်နေရေးကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာမပါရှိသလို အဲဒီလို နယ်မြေရှင်းလင်းရေးအတွင်း ပျက်စီး ဆုံးရှုံးသွားတဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအတွက် ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

    ဒီထုတ်ပြန်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်သလို လူ့အခွင့်အ ရေး နိုင်ငံတကာစစ်မျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပါ ၃၅၆ မှာတော့ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း ၍ ဥပဒေအရ အကာအကွယ်ပေးရမည် “လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။

    (more…)

  • NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

    NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

    ဒီလိုင်း – ရိုက်ကူး

    ”ကျွန်တော်တို့ထိန်းညှိ့ရပါတယ်၊ပြီးတော့ကျွန်တော်တို့NLDကကြီးစိုးတဲ့လွှတ်တော်လည်းဖြစ်တဲ့အခါကြတော့အစိုးရနဲ့လွှတ်တော်ကြားမှာ အားလုံးအဆင်ပြေတယ်၊ကျွန်တော်တို့လွှတ်တော်မှာတင်ပြလိုက်တဲ့ဟာတွေ၊ကော်မတီရဲ့ကွင်းဆင်းဆောင်ရွက်မှုတွေ၊နောက်ဆုံးပိတ်လွှတ်တော်ရဲ့တိုင်ကြားစာမှုတွေ၊အစိုးရကလွှတ်တော်ကတင်ပြတဲ့အတိုင်းအကောင်အထည်ဖော်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောပါတယ်။[embedyt] https://www.youtube.com/watch?v=dYI1c9h5SM0[/embedyt]Red News Agency

  • ဘုရားကြီးပြုပြင်မှုများ  ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

    ဘုရားကြီးပြုပြင်မှုများ ထင်ရာမြင်ရာ လျှောက်မလုပ်သလို ၄ နှစ်အတွင်း ဘုရားကြီး ရန်ပုံငွေ ယခင်အစိုးရထက် ၂ ဆ တိုးလာ

    ဒီလှိုင်း ရွှေစက်တော်၊ ဇန်နဝါရီ ၂၉ ရက်။

    ” ယခင်အစိုးရလက်ထက်က ဘုရားကြီး ရံပုံငွေ စုစု‌ပေါင်းက၃.၅ဘီလီရံရှိတယ်၊သိန်းပေါင်း၃သောင်းနဲ့၅၀၀၀ကျပ်။ ခုအစိုးရလက်ထက်မှာ၇သောင်းကျော်ရှိတယ်၊ဘုရားကြီးမှာ၊၄နှစ်ဘဲရှိသေးတယ်၊ကျွန်တော်တို့လက်ထက်မှာ၊နှစ်ဆတိုးလာတယ်၊ဒီကြားထဲမှာဘက်စုံလှူတာတွေကိုးခန်းကြီးမှာကနှတ်တွေဘာတွေနဲ့ထင်ရာမြင်ရာလျှောက်လုပ်တာမဟုတ်ဘူး၊တန်ပဝတီပေါ့ မြန်မာဗိသုကာပညာရှင်မန္တလေးကဦးဝင်းမောင်တို့အဖွဲ့ တွေနဲ့ပြင်တာလိုအပ်တာတွေအကုန်လုံးပြင်တယ်” လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

    ဒီကနေ့မှာတော့ မန်းရွှေစက်တော် ဘုရားပွဲတော် ခြေတော်ရာ ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိရက်ပေါင်း၈၀ကြာအထိကျင်းပသွားမှာ ဖြစ်ပါတယ်။[embedyt] https://www.youtube.com/watch?v=LxcsR9Fpako[/embedyt]Red News Agency

  • အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

    အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

    ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။

    ” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်”

    ”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။

    မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။[embedyt] https://www.youtube.com/watch?v=bv2-jBk6iYo[/embedyt]Red News Agency

  • အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

    အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

    ” အုပ်ချုပ်ရေးလိုင်းကနေ အကြိမ်ကြိမ်ပြောထားတယ် တာဝန်ရှိတဲ့ အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်။ သတင်းမပေးတဲ့အတွက်ကြောင့် အဲဒါတွေ အတန်တန်ပြောတယ် ပြောတဲ့ ကြားထဲက ခုလိုဖြစ်တာ ။ အောက်ခြေက မသိပါစေနဲ့ အောက်ခြေက ဖမ်းလို့ မမိပါဘူး ဒါလည်းဘဲ အားလုံးသိတဲ့အတိုင်း ပေါင်းသင်းထားတာရှိမယ်။ တရားဥပဒစိုးမိုးရေးထဲက၊ အုပ်ချုပ်ရေးထဲက၊ ရဲစခန်းထဲက” [embedyt] https://www.youtube.com/watch?v=eS56zlpZIrE[/embedyt]Red News Agency

  • ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

    ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

    ရန်ကုန်၊ ဇူလိုင် ၁ ရက်။

    “ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ် ချက်ခြင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး ဒို့အရေး ဒို့အရေး ” ဟူသော ကြွေးကြော်သံများဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်ပြောင်းလဲ သတ်မှတ်မည့် လျှစ်စစ်ဓာတ်အားခနှုန်း (မီတာ) များနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒမပါသည့်အတွက်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့က ပုဇွန်တောင် မြို့နယ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=XoAmh4qtSHE[/embedyt]

    Red News Agency