Tag: ညောင်ရွှေမြို့နယ်

  • ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

    ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။

    ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညောင်ရွှေမြို့နယ်၊ ရေပူဘုရားတောင်ကျေးရွာအုပ်စု၊ ရေပူးကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်ရာ နေရာသို့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ (၂၀) မိနစ်ခန့်က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် နန်းအေးမြင့်သန်းအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရသည်။

    အသက် (၆) နှစ်အရွယ် အေးဖြင့်သန်းသည် ဦးခေါင်း လက်နက်ကြီးထိမှန်ကာ နေရာတွင် သေဆုံးပြီး၊ ခွန်သိန်းအောင် (အသက်-၂၈ နှစ်)၊ ဦးစိုင်း (အသက် – ၅၅ နှစ်) တို့ ထပ်မံသေဆုံးကာ ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသည့်အတွက် စံကားဆေးရုံ၊ နမ့်ပန်ဆေးရုံနှင့် အောင်ပန်းဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    (more…)