ပအိုဝ်းပြည်သူ့စစ် (PNA)

အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး PNA/ PNO အနေဖြင့် တာဝန်ယူရန် တောင်းဆို

အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး PNA/ PNO အနေဖြင့် တာဝန်ယူရန် တောင်းဆို

RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစုံကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအနီး လူသွားလမ်းဘေးတစ်နေရာ၌ အသက် (၁၅) နှစ် နှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်များ မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး PNA/ PNO က တာဝန်ယူ၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြိး ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့တို့က ထုတ်ပြန်တောင်းဆိုးထားသည်။ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစုံကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအနီး လူသွားလမ်းဘေးတစ်နေရာ၌ အောက်တိုဘာ (၂၆) ရက်နေ့က နားဖူးနှင့် ပါးစပ်ထဲတွင် သေနတ်ဒဏ်ရာများဖြင့် နန်းအောင်ပေါ (အသက် ၁၉ နှစ်) နှင့် နန်းဟွမ်ခွန်း (အသက်…
Read More
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရ

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညောင်ရွှေမြို့နယ်၊ ရေပူဘုရားတောင်ကျေးရွာအုပ်စု၊ ရေပူးကျေးရွာမှ စစ်ဘေးရှောင်များနေထိုင်ရာ နေရာသို့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ (၂၀) မိနစ်ခန့်က လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၆) နှစ်အရွယ် နန်းအေးမြင့်သန်းအပါအဝင် (၃) ဦးသေဆုံးပြီး (၁၄) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရသည်။ အသက် (၆) နှစ်အရွယ် အေးဖြင့်သန်းသည် ဦးခေါင်း လက်နက်ကြီးထိမှန်ကာ နေရာတွင် သေဆုံးပြီး၊ ခွန်သိန်းအောင် (အသက်-၂၈ နှစ်)၊ ဦးစိုင်း (အသက် - ၅၅ နှစ်) တို့ ထပ်မံသေဆုံးကာ ၁၄ ဦး…
Read More