KNDF အမှတ် (၈) ဗျူဟာ အပတ်စဉ် (၆) သင်တန်းဆင်းရဲဘော်များတွင်အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်

Written by

in

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။

ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) ဗျူဟာမှ ပြုလုပ်သော အပတ်စဉ် (၆) သင်တန်းဆင်းရဲဘော် (၁၀၀) ကျော်ရှိရာတွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်ပြီး အမျိုးသားများနှင့်တန်းတူ သင်တန်းတက်ရောက် အောင်မြင်ခဲ့သည်ဟု သိရသည်။

အမှတ်(၈ )ဗျူဟာ၏ လက်အောက်ခံ တပ်ရင်းအသီးသီးရှိ သင်တန်းသား (၁၀၀) ကျော်တက်အောက်ခဲ့သော အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာ၌ ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း၊ သင်တန်းဆင်း ရဲဘော်များအနေဖြင့် စစ်ရေးအခြေစိုက် ဒေသများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း KNDF Tactical Opreation Command – 8 ကထုတ်ပြန်ထားသည်။

 

KNDF အမှတ် (၈) ဗျူဟာ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားတွင် KNDF ဗဟိုကော်မတီဝင်များ၊ ဒုစစ်ရေးချုပ် မင်းသား၊ အမှတ် (၁) ဗျူဟာနှင့် အမှတ်(၈)ဗျူဟာမှ ဗျူဟာမှူးများ၊ ရှမ်းတောင် စစ်ဦးချုပ်၊ တပ်ရင်းအသီးသီးရှိ တပ်ဗိုလ်၊ တပ်မှူးများနှင့်ရပ်မိရပ်ဖစသည်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA