RNA_ဇန်နဝါရီ(၂၄)၊၂၀၂၅ခုနှစ်။
တိုက်ပွဲပြန် အောင်ပွဲရ Burma Liberation Democratic Front – BLDF ရဲဘော်များကို အညာလူထုမှ ဝမ်းသာအားရကြိုဆိုခဲ့ပြီး ဂုဏ်ပြုနေ့လယ်စားပါ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၅ခုနှစ်။
တိုက်ပွဲပြန် အောင်ပွဲရ Burma Liberation Democratic Front – BLDF ရဲဘော်များကို အညာလူထုမှ ဝမ်းသာအားရကြိုဆိုခဲ့ပြီး ဂုဏ်ပြုနေ့လယ်စားပါ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာ အနောက်ဘတ်တွင် ပဒါန်းမှတက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ၏ ခဲယမ်းတင်ကား (၄) စီးအား PRA -Magway ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာ ကား (၁) စီးပျက်စီးပြီး (၅) ဦးသေဆုံးသွားသည်ဟု သိရသည်။

RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။
မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။


RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။
အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ ရခိုင်ပြည်နယ်နှင့်အစပ် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ၁ ဦးသည် မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force – MPDF Battalionမှ အစ်ကိုဖြစ်သူထံ ဆက်သွယ်လာသည့်အတွက် သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချတဲ့အချိန် သွားခေါ်ထုတ်ခဲ့ရတာ၊ ကျနော်တို့ တပ်ရင်းထဲမှာက သူ့အစ်ကိုရှိတာကိုး၊ သူ့အစ်ကိုကို ချိတ်ဆက်လာတဲ့အချိန်မှာ ညတွင်း ချင်းသွား ထုတ်တာ၊ သူ့ကို ရွှေဘို၊ ကျောက်မြောင်းပို့ဖို့က လမ်းကြောင်းမကောင်းတော့ ပို့မရလို့ နုံးတောမှာ တာဝန်ချထားတဲ့အချိန် ရအောင်ခေါ်ထုတ်လိုက်တာ။” ဟု သံမဏိ Force မှ ဒုတပ်ရင်းမှူးက ပြောကြားထားသည်။
(more…)

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ (၁၆) ရက်နေ့ညပိုင်းက လေကြောင်းဗုံးကြဲခဲ့ပြီးနောက် ကနန်ကျေးရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားမှုနှင့် လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်း (ပုန်းခိုကျင်း)ကြောင့် အသက်ဘေးမှ လွတ်မြောက်သွားသူများရှိကြောင်း ကလေးနည်းပညာတက္ကသိုလ်မှ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက ပြောပြထားသည်။

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၅ ခုနှစ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့ (၄) နာရီ (၄၅) မိနစ်မှစတင်ကာ ဗုံး (၃) ကြိမ်ကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးရေး ရရှိရန် လုပ်ဆောင်နေမှုများကို အပြင်းအထန် ခုခံသွားမည်ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu)က ပြောကြားထားသည်။
“ရွှေစက်တော်ဘုရားပွဲကလည်း စဖို့ ဘုရားငွေမျှော်နေသူတွေက ဆိုင်းပြင်းနေကြပြီ။ ဒီဘုရားပွဲစတင်နိုင်ဖို့အတွက် မီးရှို့ခံရတဲ့ ကျေးရွာတွေလည်းရှိတယ်။ ရွှေစက်တော်က ဒုတိယဝင်ငွေအကောင်းဆုံးမလို့ စစ်ကောင်စီက မရရအောင်ဝါသဝရဲ့ပျူတွေနဲ့ လမ်းကြောင်းတစ်လျှောက်စစ်ကြောင်းပြင်ဆင်မှုတွေလုပ်နေပြီ” ပွင့်ဖြူ PDF ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ (၇) မိုင်တွင် ကုတ်ဗျူဟာအပါအဝင် အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်နှင့် ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာမှ ရဲဘော်အိုက်ပီး မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA