16
Jan
RNA_ဇန်နဝါရီလ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တောင်ပိုင်းရှိ အုပ်ချုပ်ရေး လစ်ဟာနေသော NUG စိုးမိုးနယ်မြေ ကျေးရွာ အုပ်စုများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံအုပ်ချုပ်ရေးမှ မကြာမီ ပြည်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နွေဦး-(ဖောင်းပြင်) ထံမှ သိရသည်။ NUG စိုးမိုးနယ်မြေအတွင်းမှ လစ်ဟာနေသော ကျေးရွာအုပ်စုများကို လွန်ခဲ့သောလပတ် အစည်းအဝေးများတွင် သက်ဆိုင်ရာတိုက်နယ် တာဝန်ခံများက တင်ပြခဲ့သော်လည်း အချိန်မှီ ဖွဲ့စည်းပေးနိုင်ခြင်းမရှိသေးကြောင်း၊ ယခုလပတ် အလွှာစုံအစည်းအဝေး ထိရောက်ရှိခဲ့ပြီပြီး မကြာမီ ဖွဲ့စည်းရန် သဘောတူမှု ရရှိထားပြီဟု ၎င်းထံမှ သိရသည်။ ရပ်ကျေးနှင့်အုပ်စုများ လိုအပ်နေသော အုပ်ချုပ်ရေးကို ပြီးခဲ့သည့်လများမှာ မဖွဲ့အစည်းနိုင်သောကြောင့် စစ်ရေးဆိုင်ရာ ထောက်ပို့ကိစ္စများတွင် များစွာလစ်ဟာခဲ့ကြောင်း၊…