RNA Editor

523 Posts
တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်မှာ အိမ်ပြန်ကြပြီ

တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်မှာ အိမ်ပြန်ကြပြီ

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။ တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်သည် အိမ်ပြန်သည့်နှစ်ဖြစ်သော်လည်း တော်လှန်ရေးအားမကောင်းသည့် ဒေသများအတွက်တော့ ၂၀၂၅ ခုနှစ်မှသာ တော်လှန်ရေးအားကောင်းလာပြီး ကိုယ့်မြို့ကို ပြန်ချဉ်းကပ်နိုင်မည့်နှစ်ဖြစ်သည်။ (more…)
Read More
စစ်ရှုံးပြီး မင်းတပ်မြို့ ခလရ (၂၇၄) မှ ထွက်ပြေးလာသော (၁၂) ဦးကို ယောဗျူဟာ ဖမ်းဆီးရမိ

စစ်ရှုံးပြီး မင်းတပ်မြို့ ခလရ (၂၇၄) မှ ထွက်ပြေးလာသော (၁၂) ဦးကို ယောဗျူဟာ ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးအား ဗျူဟာအမှတ် - ၈၁ ယောဗျူဟာမှ ဖမ်းဆီးရမိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ရှုံးနေတာ လက်ခံပေးဖို့ မင်းအောင်လှိုင်နှင့်အဖွဲ့ကို စစ်သုံ့ပန်းဗိုလ်မှူးချုပ် အသိပေး

စစ်ရှုံးနေတာ လက်ခံပေးဖို့ မင်းအောင်လှိုင်နှင့်အဖွဲ့ကို စစ်သုံ့ပန်းဗိုလ်မှူးချုပ် အသိပေး

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။   နေပြည်တော်မှာရှိသည့် မင်းအောင်လှိုင်နှင့်အဖွဲ့ကို ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေမှုကို လက်ခံပေးရန်နှင့် ပြည်သူများကို ဗုံးကြဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ပေးရန်စသည်တို့ကို အာရက္ခတပ်တော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အသိပေးပြောကြားထားသည်။ (more…)
Read More
ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

"စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်" ရန်ုနိင် အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ…
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့်အတူ ယောဒေသတော်လှန်ရေးတပ်၊ Yaw Army နှင့် မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အာရက္ခတပ်တော်၏ စစ်ရေး၊ စစ်လက်နက်စသည့် အကူအညီများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉)…
Read More
“ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

“ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ရှိ၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် "ရန်သူ့လက်နက် ကိုယ့်လက်နက်" ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများပါအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်သည့်ရုပ်သံတွင်တွေ့ရှိရကြောင်း ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား LGBT ဘုံဘုံ ဆေးရုံတက်ကုသခွင့်မရသည့်အတွက် ရောဂါပြင်းထန်စွာဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့သော်လည်း ဆေးရုံတက်ခွင့်မရရှိခဲ့သည်အတွက် ကျန်းမာရေးဆိုးရွားလာပြီး ကျဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

ပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော် J7 ၏ဈာပနအခမ်းအနား ကျင်းပ

RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော် ရတီအောင် (ခ) ရဲဘော် J7 သည် သရက်ကွပျူရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်အတွက် ဈာပနအခမ်းအနား ကျင်းပခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၇ - Myaing's Hero Generationsက ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့

RNA_ဒီဇင်ဘာ(၂၅)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ရှုံးနိမ့်မှု ပြိုလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကားပြောကြားမှုတွင် ထည့်သွင်းပြောကြားမှုအား ကောက်နုတ်တင်ပြလိုက်ပါသည်။   #RedNewsAgency #REDNEWS #RNA #NUG
Read More
၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။   ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။   #RedNewsAgency #REDNEWS #RNA #AhNyar
Read More