RNA_ဇန်နဝါရီ(၁)၊၂၀၂၆ခုနှစ်။
အာဏာသိမ်းစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အချက်များအပါအဝင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက်ဟုဆိုကာ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယနေ့ နံနက် (၁၀) နာရီတွင် ငြိမ်းချမ်းရေးတောင်းဆိုပွဲ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့၏ အာဏာသိမ်းစစ်တပ်အပေါ် တောင်းဆိုချက်များတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲကြောင်း ကြေညာ၍ လေယာဉ်ဖြင့်ဗုံးကြဲနေမှုများ၊ တန်ပြန်ထိုးစစ် ဆင်နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရန်၊ စစ်မှုထမ်းဥပဒေကိုဆိုင်းငံ့၍ အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းနေမှုများနှင့် စစ်အင်အားဖြည့်တင်းနေမှုများကိုရပ်တန့်ရန် မြစ်ဆုံစီမံကိန်းဆိုင်းငံ့ရန် စသည့်အချက်များကို တောင်းဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံ တောင်းဆိုထားသည်မှာလည်း အပစ်ခတ်ရပ်စဲကြောင်းကြေညာ၍ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေမှုများကို ရပ်တန့်ပေးရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် လက်ကမ်းကြိုဆိုပူးပေါင်းပေးရန်၊ နိုင်ငံရေးသဘောတူညီမှုရရှိရေးထက် ပထမဦးစွာ အပစ်ခတ်ရပ်စဲရေး အောင်မြင်ရေးကို ပိုမိုအလေးထား ဦးစားပေးဆောင်ရွက်ပေးရန်စသည့် အချက်များကို တောင်းဆိုထားသည်။
#RNA #REDNEWS #RedNewsAgency














