RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနိုင်ရေး ဆုကြေးထုတ်ပြီး ဝရမ်းထုတ်ခံထားရသော လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီးနောက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Yadanabon University Students’ Union) က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက အဆက်အသွယ်ပျက်နေပြီး ဖမ်းဆီးသွားပြီဖြစ်ပြီး၊ ဖမ်းဆီးခံရချိန် ပြင်းထန်သည့် ရိုက်နှက်ခံရမှုများရှိသည့်အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ထုတ်ပြန်ထားကြသည်။
ကိုထက်မြတ်အောင်သည် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY)နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အဖွဲ့ဝင်ဖြစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
#REDNEWS #RedNewsAgency #RNA


