ပလောမြို့နယ်

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ (၁၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ဆားခဲကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနယ်မြေမဟုတ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမကြီးတို့နေအိမ်ပေါ်ထိ တက်ရောက်ကာ ဓားတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မြို့နယ်ပညာရေးအဖွဲ့အလုံးစုံပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး လုံခြုံရေးအထပ်ထပ်ရှိနေသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်အတွက် သာမာန်အရပ်သားများ လုပ်ကြံနိုင်မည်မဟုတ်ဟုလည်း ဖြစ်စဉ်သိသူတစ်ဦးက ပြောပြထားသည်။ (more…)
Read More