legitimacy

စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

"လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်" ကျော်ကြီး လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။ ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။…
Read More
အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

"စစ်ကောင်စီအနေနဲ့ တရားဝင်မှုကို ရယူနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ “လုံးဝကို မရနိုင်ပါဘူး”လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အာဏာရှိနေမှုဟာ တရားဝင်မှုကို မရနိုင်ပါဘူး" ကျော်ကြီး ပြည်သူလူထုသာလျှင် အစိုးရတစ်ရပ်ရဲ့ အာဏာကိုဖန်တီးပေးနိုင်ပြီး အာဏာရဲ့ တရားဝင်အရင်းအမြစ်ဖြစ်တယ်။ အစိုးရအားလုံးရဲ့ တရားဝင်မှုဟာ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်အပေါ်မှာသာ အခြေခံတယ်လို့ အမေရိကန်နိုင်ငံရဲ့ လေးဆက်မြောက်သမ္မတကြီး ဂျိမ်းမက်ဒီဆင်က ပြောခဲ့ပါတယ်။ ဒီအဆိုတွေဟာ ခေတ်သစ်ဒီမိုကရေစီစနစ် ဖြစ်တည်လာကာစ ဥရောပဉာဏ်အလင်းခေတ်လို့ ဆိုကြတဲ့ ၁၇-၁၈ ရာစု သမိုင်းမှတ်တမ်းထဲက အနှစ်သာရပြည့်ဝတဲ့ အခြေခံအယူအဆအတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ အုပ်ချုပ်မှုမူဝါဒတွေဟာ ၂၀ ရာစုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်းကထဲက ကမ္ဘာ့နိုင်ငံအများအပြားမှာ အောင်အောင်မြင်မြင် အခြေပြုနိုင်ခဲ့ပြီး ဒီနေ့ကမ္ဘာမှာတော့ အားကောင်းနေခဲ့ပါပြီ။…
Read More