လုပ်ကြံခံရ

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ (၁၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ဆားခဲကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနယ်မြေမဟုတ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမကြီးတို့နေအိမ်ပေါ်ထိ တက်ရောက်ကာ ဓားတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မြို့နယ်ပညာရေးအဖွဲ့အလုံးစုံပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး လုံခြုံရေးအထပ်ထပ်ရှိနေသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်အတွက် သာမာန်အရပ်သားများ လုပ်ကြံနိုင်မည်မဟုတ်ဟုလည်း ဖြစ်စဉ်သိသူတစ်ဦးက ပြောပြထားသည်။ (more…)
Read More
တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး မောင်လွင်သည် ၃ ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ယခင်က (၂) ကြိမ်လုပ်ကြံခံခဲ့ရကြောင်း၊ သေနတ်ပစ်ခံထားရသည့်အတွက် ဝမ်းအတွင်း (ဗိုက်) မှ ကျည်ဆံမထုတ်ရသေးခင် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံလုပ်ကြံခံရသည့်အတွက် ဇနီးနှင့်သားတို့ပါ အတူတကွ သေဆုံးသွားပြီဖြစ်ကြောင်း၊ ဝမ်းတွင်းမြို့နယ်အခြေစိုက် Wundwin Township Revolution Force (WTRF) ရဲဘော်များက ရှင်းလင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်တပ်ကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ NLD အစိုးရထံမှ အာဏာသိမ်းရန် အကြံပေးတိုက်တွန်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့က ယနေ့ နေ့လည် (၃) နာရီဝန်းကျင်က ရန်ကုန်မြို့ လှိုင်မြို့နယ် ( ၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။ "အငြိမ်းစားယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အား ပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက် တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များ ရရှိနေသူ၊ တော်လှန်ရေးရဲဘော်များအား အ ကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်း စေခိုင်းသူ အစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦးမှာပါ" Inya…
Read More