Tag: Unified Command

  • PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

    PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

    RNA_ဇန်နဝါရီ(၂)၊၂၀၂၆ခုနှစ်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည့်ပပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု NUG ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို အပြည့်အဝ သိမ်းပိုက် ထားနိုင်ခဲ့ပြီး၊ ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနှင့် ဆင်ဖြူကျွန်းမြို့များတွင်လည်း ရန်သူ့တပ်များကို ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်လျက်ရှိပါကြောင်း သိရသည်။
    (more…)