Author: Editor

  • မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီအထိုင်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

    မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီအထိုင်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

    RNA_မေ(၁၀)၊၂၀၂၄ ခုနှစ်။

    မန္တလေးတိုင်း၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့မြောက်ဘက် (၂) မိုင်အကွာရှိ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ယနေ့ နံနက် (၅) နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ (၄၅) မိနစ်ခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    တောင်တံငါကျေးရွာရှိ စစ်ကောင်စီ၏ အထိုင်စခန်းငယ်သည် မတ္တရာမြို့မှ စဉ့်ကူးဘက်သို့ အထွက်တွင်တည်ရှိပြီီး ၊ မတ္တရာမြို့နှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦး၏အလောင်းများတွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

    (more…)

  • KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

    KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

    “KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်”

    သူရိန်

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတည်း ပြည်လည်ဖွင့်လှစ်ခဲ့သည်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်နှင့် ပတ်သက်ပြီးတော့လည်း KIA၏ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က “ ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀) နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါင်းများ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်” လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူများကို အသိပေးထားပါသည်။

    KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၅ ရက်နေ့ တစ်ရက်တည်းမှာ ဆွမ်ဘရာဘွမ်မြို့ အပါအဝင် ဝိုင်းမော် မြို့နယ်က တပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု သိထားရပါသည်။

    (more…)

  • “ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုလျှင် ‘ဒိုင်ပွဲရပ်’နဲ့ ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

    “ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုလျှင် ‘ဒိုင်ပွဲရပ်’နဲ့ ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

    RNA_မေ(၈)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အချိန် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒိုင်လူကြီးများနှင့် ကျင်းပရသည့် ပွဲသာဆိုပါက ဒိုင်ပွဲရပ်နှင့် ပြီးသွားလောက်ပြီဟု မေလ ၆ ရက် နေ့က ပြောကြားထားသည်။

    “Awng La NSang တို့ရဲ့ ပွဲလို ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုရင်……ဒိုင်ပွဲရပ်..နဲ့ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောကြားထားသည်ဟု “ချစ်ခြင်းတည်စေ မနောမြေ” ကမ်ပိန်း ၏ Facebook page တွင် ဖော်ပြထားသည်။

    ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ယမန်နေ့ကလည်း မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် လပိုင်းမှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်တချို့ ထိုင်းနိုင်ငံ၏ ကြားခံမှုဖြင့် ဆွေးနွေးမှုများရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

    #RedNewsAgency

  • ဗကသသည် ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်

    ဗကသသည် ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်

    RNA_မေ(၈)၊၂၀၂၄ ခုနှစ်။
     
    ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ) သည် ပြည်သူလုထူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ရှည်လျားသည့် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း ယနေ့ ကျရောက်သည့် ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း (၈၈) နှစ်ပြည့်အခမ်းအနားသို့ ဗကသ ဥက္ကဋ္ဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ကိုကျော်ကိုကို ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=LmSnk6iuKv8[/embedyt]
     

    ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် အမျိုးသားကျောင်းများပေါ်ထွန်းပြီးနောက် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဥက္ကဋ္ဌ ကိုနုနှင့် အတွင်းရေးမှူး ကိုအောင်ဆန်း (အိုးဝေ-အယ်ဒီတာ) တို့အား ကျောင်းထုတ်ခံရမှုကို ကန့်ကွက်သော ဒုတိယကျောင်းသပိတ်ဖြစ်ပေါ်ခဲ့သည့် ထိုနှစ် ၁၉၃၆ ခုနှစ် မေလ (၈) ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပပြီး ထိုညီလာခံဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုရင် ကျောင်းသားများသမဂ္ဂ ( ဗကသ) – All Burma Students Union- ABSU ကိုု စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ( All Burma Federation of Student Union ABFSU) အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ 

     
    #RedNewsAgency

  • နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

    နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

    “အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ”

    ဧရာဝတီလင်းပိုင်

    မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်အနေဖြင့် မေလ ()ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုးကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ BGF နှင့် ၂၄ ပစ္စည်း DKBA ပူးပေါင်းတပ်ဖွဲ့များကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ ရဲဘော်များက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ တိုက်ခိုက်မှုအတွင်း BGF စစ်ကြောင်းမှူး ၂ဦး၊  ခမရ ၅၄၆ မှဗိုလ်ကြီး ၁ဦး၊ တပ်ကြပ်ကြီးအဆင့် ၁ဦး၊ တပ်သားအဆင့် ၇ ဦးသေဆုံးကာ ၇၀ နှင့်အထက်  ဒဏ်ရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါသည်။ ထိုမျှသာမက စက်သေ နတ်တပ်ဆင်ထားသည့် ယာဉ် ၁စီး၊ ဖောကား ၂စီး၊ သံချပ်ကာကား ၂စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံး‌သည်အထိ KNLA မှ တိုက်ခိုက်နိုင်ခဲ့သည်။

    အောင်ဇေယျစစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး စက်ယန္တရားများနှင့် လေယာဉ်များပါ အသုံးပြုပြီး စစ်သည်အင်အားမလုံလောက်သည့်အတွက် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်ရှိခဲ့တဲ့ အပတ်စဉ် ( ) မှ စစ်သား သစ်များကိုပါ စေလွှတ်တိုက်ခိုက်ခိုင်းနေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောဆိုနေကြပါသည်။ အောင်ဇေယျ စစ်ကြောင်းသည် နိုင်ငံတော်အဆင့် စစ်ကြောင်း ဖြစ်သော်လည်း ယနေ့အချိန်ထိ သင်္ဃန်းညီနောင် ရောက်အောင်လာနိုင်ခြင်း မရှိ။

    Photo : Cobra Column

    (more…)

  • ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

    ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

    RNA_ဖားကန့်၊ မေ (၇)၊၂၀၂၄ ခုနှစ်။
    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရင်ရင်ကိတ်မုန့်ဆိုင်ရှေ့၌ ယမန်နေ့ည (၇) နာရီခန့်က စရဖ ဒုတပ်ကြပ် တစ်ဦး လက်ထိပ်ခတ်ခံရလျက်အနေအထားဖြင့် ပစ်သတ်ခံထားရသည်။
    ပစ်သတ်ခံရသူ (အမည်မသိရှိရသေး) စရဖ ဒုတပ်ကြပ်၏ ဘေးတွင် ‌ဆိုင်ကယ်တစ်စီးလဲနေသည်ကို တွေ့ရပြီး၊ စရဖ ဒုတပ်ကြပ်အား KIA/KPDF ရဲဘော်များက ဖမ်းဆီးထားစဉ် ကိတ်မုန့်ဆိုင်ထဲဝင်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
    “မစ်ရှင်ဖော်တဲ့ ကလေးတွေနဲ့တော့ အဆက်အသွယ်မရသေးပါဘူး၊ အဲ့တာကြောင့် နာမည်မသိရသေးဘူး၊ စရဖ ဒုတပ်ကြပ် မှန်ပါတယ်၊ ဖမ်းဆီးထားစဉ် ထွက်ပြေးလို့ ပစ်တယ်လို့လည်း သတင်းရထားပါတယ်”ဟု KPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ဧပြီ ၂၄ ရက်နေ့ နေ့ခင်း (၃)နာရီခန့်ကလည်း ရဲသတင်းပေးဆောင်ရွက်သူ အရန်မီးသတ်ဝန်ထမ်း တစ်ဦးဖြစ်သူ ကျော်ဖြိုးသန့် အသက် (၃၀) ခန့်အား ဖမ်းဆီးလာချိန် ဖားကန့်မြို့၊ ရဲစခန်းအနီး၊ မှော်ဝမ်းလမ်းဆုံ၊ ထွန်းတောက် ဆိုင်ကယ်ပြင်ဆိုင်အနီးတွင် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။

  • မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

    မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

    RNA_မေ(၇)၊၂၀၂၄ခုနှစ်။
     
    ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
     
    “ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။
    [embedyt] https://www.youtube.com/watch?v=GtyYML7b0Gk[/embedyt]
    MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်း ရေစကြိုမြို့နယ် စသည့် နယ်မြေများအတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိရပြီး လက်တလောအခြေအနေတွင် “မြို့ပြဆီသို့” ကမ်ပိန်းပြုလုပ်နေပြီး ခဲယမ်းများဝယ်ယူနေကြောင်း၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
     
    “မြို့ပြဆီသို့” ကမ်ပိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် ပြည်သူများအနေဖြင့် MBT တပ်ဖွဲ့၏ လူမှုကွန်ရက် https://www.facebook.com/MyingyanBlackTiger တွင်လည်းစုံစမ်းနိုင်ကြောင်း သိရသည်။
     
    #RedNewsAgency

  • ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

    ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

    RNA_မေ(၆)၊၂၀၂၄ခုနှစ်။
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား အာရက္ခတပ်တော်-AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ဧပြီလ ၄ ရက်နေ့က တွေ့ရသည့်ရုပ်သံအား AA ကထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=UE8G-7_cP0s[/embedyt]
    စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင််အပြီးတိုင်းသိမ်းပိုက်ရရှိခဲ့သည်ဟု AA၏ ထုတ်ပြန်ချက်များအရ သိရသည်။

  • ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

    ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

    RNA_မေ(၆)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

    “ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် ​သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။

    (more…)

  • ကျိန်စာသင့်တိုင်းပြည်မှာ ကျုံးသွင်းခံရတဲ့ လူငယ်တွေရဲ့လက်ရှိဘဝ

    ကျိန်စာသင့်တိုင်းပြည်မှာ ကျုံးသွင်းခံရတဲ့ လူငယ်တွေရဲ့လက်ရှိဘဝ

    “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ”

    မောင်ဝိ – Wiper

    စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာတွေကို မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားပြီး၊ “ထွက်ခွာခွင့် ကိစ္စများ ပိုမို အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း” ဆိုတဲ့ ဖြေရှင်းချက်ထုတ်ပြန်ထားရှိပါတယ်။

    အခုလို အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာဟာ၊ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအဓမ္မ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်၊ လူငယ်အများအပြား ပြည်ပကို အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြတဲ့အတွက် လက်ရှိ ၃ လ နီးပါးအကြာ မေလ ၁ ရက်နေ့မှာ အမျိုးသားများ ပြည်ပကို အလုပ်နဲ့ ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရတယ်။

    ပြည်ပအလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်တာဟာ လူငယ်တွေ ပြည်ပကို ထွက်ခွာပြီးနောက်ပိုင်း၊ Disabled people (မသန်စွမ်းသူ)၊ Old age people (အသက်အရွယ်ကြီးသူ) တွေပဲ အများဆုံးကျန်တဲ့နောက်မှာ၊ စစ်တပ်အတွက် အင်အားဖြည့်တင်းဖို့ ခက်ခဲလာတာကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်သလို၊ ကျန်ရစ်တဲ့အမျိုးသမီး အင်အားတွေကလည်း လိုအပ်တဲ့ တိုက်ခိုက်ရေးအင်အား ဖြစ်မလာနိုင်တာကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်ပဲ စစ်တပ်ဟာ အမျိုးသမီးစစ်သည်တွေကို ရုံးဌာနအများစုမှာပဲ နေရာပေးလေ့ရှိပြီး၊ တပ်ထဲဝင်ရောက်ပြီးသူ မသန်စွမ်းတဲ့ စစ်သားတွေကိုလည်း ဂိတ်စောင့်၊ ရုံးအစောင့် စတဲ့ နေရာတွေမှာသာ တာဝန်ပေးလေ့ရှိပါတယ်။

    တကယ်တမ်း တိုက်ခိုက်နိုင်တဲ့ စစ်သားအင်အားဟာ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ လူငယ်လူရွယ်တွေပဲ ဖြစ်တယ်လို့ စစ်ကောင်စီယူဆထားပုံပါ။ လူငယ်တွေအနေနဲ့ ဆန္ဒပါသည် ဖြစ်စေ/ မပါသည် ဖြစ်စေ သေချာပေါက် စစ်ထဲဝင်ကြရမှာဖြစ်တယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ။ စစ်တပ်ဘက်က အခုကာလမှာ ဆုံးရှုံးနယ်မြေတွေကို ပြန်ပြီး ထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားကို ရသလောက်တည်ဆောက်မှာအသေအချာပါပဲ။

    ဓာတ်ပုံ :အဓမ္မစစ်မှုထမ်းရသည့်လူငယ်များ၏ စစ်ကောင်စီပြုလုပ်သောအခြေခံစစ်ပညာသင်တန်းမြင်ကွင်း

    (more…)