သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

RNA_ဩဂုတ်(၂၆)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် စိုးထိုက်ကျော်ဦးစီးပြီး အင်အား ၄၀၀ ခန့်ဖြင့် အခြေပြုလှုပ်ရှားနေသော တပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ကွင်း(၅၀၀)တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၅ ရက်နေ့မှ စတင်တိုက်ခိုက်ရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိကြောင်း၊ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency #RNA
By Editor