မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

” ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်” ဟု “နှလုံးလှ”လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။

ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း

#RedNewsAgency

By Editor