စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။

” ၁၃ရက်နေ့မနက်မှာ အဲ့ဒီ့စစ်ခွေးတွေဟာ ထန်းကြီးကျေးရွာကိုမီးရှို့ဖျက်စီး သွားခဲ့ပါတယ်။ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ထန်းကြီးရွာဟာ ၅ပုံ ၄ပုံလောက်မီးရှို့ခံလိုက်ရပါတယ်။ ထန်းကြီးဘူတာမှာ ပြည်သူ၄ယောက် အသတ်ခံရပြီး ထန်းကြီးကျေးရွာထံမှာတော့ လေဖြတ်နေတဲ့ ပြည်သူတစ်ဦး မီးရှို့ခံခဲ့ရပါတယ်” ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက အသိပေးထားသည်။

Photo- Pyay Kyaw (96 Soldiers PDF )

ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် နိုဝင်ဘာ ၁၂ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေကြောင်း၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထန်းကြီးကျေးရွာနှင့် ဘူတာကိုမီးရှို့ပြီး ၁၄ ရက်နေ့တွင် ကြောင်ဖြူရွာဝင်ရောက်ပြီး နေအိမ် (၅) လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Photo- Pyay Kyaw (96 Soldiers PDF )

#RedNewsAgency

By Editor