အမျိုးသားအောင်ပွဲနေ့

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။   အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။   မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။ (more…)
Read More