မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
 
မင်းအောင်လှိုင်မိသားစုလုံခြုံရေးနှင့်ကိုယ်ရံတော်လုပ်ခဲ့သူ တပ်ရင်းမှူးအဆင့်နှင့်ရှေ့တန်းထွက်ရစဉ် ယမန်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် တောထဲတွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှညနေပိုင်းအထိ ၃ ကြိမ် ဖြစ်ပွားသည့် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ နှစ်ပွင့်ဗိုလ်နှင့်အခြားအဆင့်ပါ ၂၀ ဝန်းကျင်သေဆုံးပြီး၊ KIA ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟု Indaw Revolution-IR က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီဘက်မှ tayဆုံးသွားတဲ့ တပ်ရင်းမှူး တစ်ဦးသာလျှင် မနေ့က ညနေ၄နာရီအချိန်တွင် လေယာဥ်နဲ့ မြစ်ကြီးနားဘက်သယ်သွားကြောင်းလည်း သိရပါသည်။ မိမိတို့ဘက်မှ KIA ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းလည်း သိရပါသည်။ စစ်ကောင်ဘက်မှ tayဆုံးခဲ့သော တပ်ရင်း မှူးအဆင့်ရှိသူသည် ဟိုပင် တကွင်းမှ ထိန်လင်းစံ ဆိုသူဖြစ်ကြောင်း သိရပါသည်။” သူက ပထမ မပခတိုင်းမှာနေတယ်၊ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်၊ နောက်ကျ မင်းအောင်လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာဖြစ်ကြောင်းလည်း သိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် KIA ၊ ABSDF နှင့် PDF ပူးပေါင်းတပ်များ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အသေအဆုံးများနေကြောင်း သိရသည်။
 
#RedNewsAgency
By Editor