တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများထွက်ပြေးကြရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ၅.၅၆ (ကပစ) ကျည်ဆန် (၃၇၀)တောင့်၊ (၄၀) မမ ဗုံးသီး (၈) လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃) တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက်(၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor