နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု – SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။
 
မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force – အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို ဝင်ဖမ်းရန်ပြုလုပ်သည့်အတွက် ည ၇ နာရီ ၃၀ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ရပ်ကွက်အုပ်ကြီးသား ဒလန် ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်က ရပ်ကွက်ကို ပိတ်ဆို့ကာ လက်နက်ကြီး လက်နက်ငယ်များစွာဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ရဲဘော် ၁ ဦးပါအဝင် (၅) ဦးမှာ ဖမ်းဆီးခံလိုက်ရသည်ဟု SUMF က ထုတ်ပြန်ထားသည်။
 
စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ရဲဘော် (၅) ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “ အစဉ်လေးစားလျှက်ပါ ရဲဘော်တို့ မကြာခင်အကြွေးပြန်ယူမယ်” ဆက်လက်တော်လှန်သွားမည်ဟု Special Underground Movement Force က ပြောကြားထားပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့ကြသည်။
 
#RedNewsAgency
By Editor