Tag: Red News Agency

  • ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

    ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

    RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။

    ၂၀၂၃ ခုနှစ်သည် အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေ းခရီးအတွက် နောက်ဆူံပိတ် နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သတ်သေပြမည်ဟု စစ်ကိုင်းတိုင်းအခြေ စိုက် ဟုမ္မလင်း PDF မှ ထုတ်ပြန်ကြေညာထားသည်။

    Photo : HPDF -124 

    တော်လှန်ရေးခရီးတွင် မိဘပြည်သုများနှင့်အတူတကွ ပူးပေါင်းမှသာ ခရီးတွင်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တော်လှန်ရေး ရဲဘော်များအနေဖြင့် နှစ်ဟောင်းကထက် မြဲမြံသည့် တော်လှန်ရေးစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ် တော်လှန်သွားပါမည်ဟု မိဘပြည်သူများအား သစ္စာ အဓိဋ္ဌာန်ပြုပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • အဝေးပြေးကားကွင်းအတွင်း ယနေ့ နံနက်က အမျိုးသား (၂) ဦး ရုပ်အလောင်းတွေ့ရှိ

    အဝေးပြေးကားကွင်းအတွင်း ယနေ့ နံနက်က အမျိုးသား (၂) ဦး ရုပ်အလောင်းတွေ့ရှိ

    RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း ယနေ့ နံနက်ပိုင်းက သေဆုံးနေသည့် အမျိုးသား (၂) ဦးရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
     
    အောင်မင်္ဂလာအဝေးပြေးကားကွင်း စစ်ကိုင်းလမ်းနှင့် တနင်္သာရီလမ်းတွင် အမျိုးသား (၂) ဦး ရုပ်အလောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးရုပ်အလောင်းများ၏ အမည်၊ အသက်နှင့် ‌နေရပ်လိပ်စာများကို စုံစမ်းစဲဖြစ်ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    (more…)

  • Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း () ကိုသိမ်းပိုက်ထား

    RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း () ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commandoဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် () အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။

    (more…)

  • “တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

    “တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Yinmarbin Local People’s Defence Force ၏ လုံခြုံရေးပေးမှုနှင့်အတူ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး “တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ ” စာသားကိုကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

    ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

    (more…)

  • မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

    မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

    RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။

    မကွေးတိုင်းအခြေစိုက် People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်း‌နေကြောင်း သိရသည်။

    People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အစဉ်အလာမှခွဲထွက်ခြင်း

    အစဉ်အလာမှခွဲထွက်ခြင်း

    အဲ့တော့ အစဉ်အလာ…အစဉ်အလာ…ဒီအစဉ်အလာက ခွဲထွက်ဖို့ ဘယ်လိုလုပ်ကြရမလဲ။ဘယ်လိုစဉ်းစားကြရမလဲ။ဆိုရှယ်မီဒီယာခေတ်မှာ တချို့က လက်လှမ်းမီတဲ့ ကရိယာတန်ဆာပလာလေးတွေ ကိုင်စွဲပြီး အစဉ်အလာကနေ ခွဲထွက်ဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။ဒါပေသိ ကြိုးပမ်းပုံမမှန်ရင် အစဉ်အလာထောင်ချောက်ထဲက လွတ်ကင်းမယ်မထင်ဘူး။

    ဗမာပြည်မှာ အရာရာတိုင်းကို အစဉ်အလာအတိုင်း လုပ်ဆောင်တာကမှ သဘာဝကျတယ်လို့ ယူဆလေ့ရှိကြပါတယ်။အစဉ်အလာကို ဖက်တွယ်ထားမှုက အတော်လေးကြီးမားလှပါတယ်။

    မြို့ကြီးပြကြီးက ချမ်းသာတဲ့ ခြံကျယ်ကြီးတွေကနေ ကျေးလက်တောရွာက တောင်ယာတဲလေးတွေအထိ အစဉ်အလာက ပြန်နှံ့သက်ဝင်နေပါတယ်။အခြေခံအုတ်မြစ်ဖြစ်တဲ့ အစဉ်အလာ စီးပွားရေးအဆောက် အအုံပေါ်ကနေ တဆင့်ပြီးတဆင့် အစဉ်အလာ နိုင်ငံရေး၊အစဉ်အလာ ဘာသာရေး၊အစဉ်အလာ ယဉ်ကျေးမှု၊အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို တည်ဆောက်ထားကြပါတယ်။

    (more…)

  • ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

    ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

    “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

    RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။

    ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

    “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

    #RedNewsAgency

  • နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

    နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=O16yEZVgTIA[/embedyt]

    #RedNewsAgency