ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။
 
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway အနေဖြင့် စစ်ရေးရည်မှန်းချက်များတွင် ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း တခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု PRA – Magway စစ်ဦးစီးချုပ် ဟာကြူလီက Red News Agency နှင့်အင်တာဗျူးတွင် ပြောကြားထားသည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်နေသည့် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။

မကွေးတိုင်းအတွင်းမှ နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများစသည်တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် PRA- Magway တပ်တော်သည် ၂ နှစ်ပြည့်မြောက်ပြီး စိုးမိုးနယ်မြေရရှိရေးအတွက် မင်းဘူးခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။
 
#RedNewsAgency
By Editor