UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

RNA_မေ(၂၁)၊၂၀၂၃ ခုနှစ်။

UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူအပါ အဝင် အခြားသူများကိုပါ သတ်ဖြတ်ခဲ့ခြင်းနှင့် Yangon Revolution Force-YRF အဖွဲ့ဝင်များဟု စွပ်စွဲကာ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းကျော်သူကို ဧပြီလ ၂၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲကာ ကိုအာကာထက်ကျော် (ခ)အောင်သုခအား မေ ၁၂ ရက်နေ့က Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်း လွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ယင်းအမှုနှင့် ဆက်စပ်ကာ မြောက်ဥက္ကလာပ မြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ ကိုရဲကျော်ပိုင်(ခ) မောင်ကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ ကိုငြိမ်းမောင် (ခ) ငြိမ်းချမ်းအောင်၊ ကမာရွတ်မြို့နယ်မှ ကိုဇင်မျိုးဦး (ခ) Flash (ခ) သားငယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှ ကိုစိုးသူ (ခ) Red (ခ) ကောင်းဝေ နှင့် ကိုမင်းဆက် (ခ) အောင်သူဟန်တို့အပါအဝင် ကိုချစ်ကိုကို၊ ကိုကျော်လွင်ဦး၊ ကိုပန်းအေး(ခ) ကိုမျိုး၊ ကိုလပြည့်အိမ် (ခ) ကိုရှိုင်း စသည်တို့ကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံထားရသည့် လူငယ်များကို UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူ၊ အမျိုးသားရေးအဖွဲ့ဦးဆောင်သူ ဦးတင့်လွင်၊ Mytel ရုံးချုပ် အထွေထွေ မန်နေဂျာ ဇနီးမောင်နှံတို့ကို သတ်ဖြတ်ခဲ့သူများဟု စွပ်စွဲထားသည်။

#RedNewsAgency

By Editor