16
Sep
RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၌ (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူ တရုတ်နိုင်ငံသားကို ထိုင်းအာဏာပိုင်များက ယနေ့ (စက်တင်ဘာ ၁၆ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ Mr. Myo (ဦးမျိုး) အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား မစ္စတာ လီ (Mr. Li) သည် အစိုးရစီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုကိစ္စရပ်များ၌ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ၎င်းကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ ယင်းနောက် မစ္စတာလီသည် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် မစ္စတာမျိုး အမည်ဖြင့် မြန်မာပတ်စ်ပို့ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ပြီး (၁၀) နှစ်ကျော်ကြာ တိမ်းရှောင်နေထိုင်ခဲ့သူလည်း…