WhatsHappeningInMyanmar

UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

RNA_မေ(၂၁)၊၂၀၂၃ ခုနှစ်။ UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူအပါ အဝင် အခြားသူများကိုပါ သတ်ဖြတ်ခဲ့ခြင်းနှင့် Yangon Revolution Force-YRF အဖွဲ့ဝင်များဟု စွပ်စွဲကာ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းကျော်သူကို ဧပြီလ ၂၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲကာ ကိုအာကာထက်ကျော် (ခ)အောင်သုခအား မေ ၁၂ ရက်နေ့က Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်း လွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ…
Read More
စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။ (more…)
Read More
မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။ မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦး - URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊…
Read More