Tag: NUG

  • ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
     
    ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။

    (more…)

  • နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။
     
    နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။
    [embedyt] https://www.youtube.com/watch?v=0MqoMH2N6Wc[/embedyt]
    #RedNewsAgency

  • နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
    စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ZX44_97PxGQ[/embedyt]

  • လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

    လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

    RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။
     
    ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ မူလနေထိုင်သည့် စခန်းစွန့်ခွါပြီး တနေရာ ပြောင်းခဲ့ရသည်ဟု သိရသည်။

    (more…)

  • ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

    ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

    RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
     
    ကရင်မျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ အတွင်းပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ရာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များထဲမှ အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
     
    NUGအစိုးရ၏ တနှစ်စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများကိုပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မ တော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု PVTV သ တင်းက ယနေ့ ဖော်ပြထားသည်။

    (more…)

  • စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်တိုင်းသုံးခုမှာ စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
     
    RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းတို့တွင် စစ်ရုံးချုပ်များ ရှိလာပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး Chain of Command ( အမိန့်ပေးစနစ်ယန္တရား) တည်ဆောက်မှု စနစ်တကျရှိလာပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က ပြောသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်း ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူနှင့်ပူးပေါင်းလာသည့် တပ်မတော်သားများအနေဖြင့်လည်း ကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြောင်း စသည်တို့ကို ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီဇင်ဘာလ ၇ ရက်နေ့ NUG ရေဒီယို အသံလွှင့်အစီအစဉ်ကနေ ပြောကြားလိုက်ခြင်း ဖြစ်သည်။
     
    “ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့ တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်၊ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဉ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက် အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” ဟု ဦးရည်မွန်က ပြောကြားထားသည်။

    (more…)

  • အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

    အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

    RNA_ဒီဇင်ဘာ ၄၊ ၂၀၂၂ ခုနှစ် ။

    လူမှုကွန်ယက်တွင် ပျံ့နှံနေသည့် တမူးမြို့က အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင် ကိစ္စ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က စုံစမ်းစစ်ဆေးမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။

    “ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ် အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ လုပ်ထုံ းလုပ်နည်းတွေ မှန်ကန်ဖိုလိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    (more…)

  • တစ်နှစ်ဗျူဟာချမှတ်ဆောင်ရွက်နေပြီဟု NUG ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်ပြော

    တစ်နှစ်ဗျူဟာချမှတ်ဆောင်ရွက်နေပြီဟု NUG ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်ပြော

    RNA_နိုဝင်ဘာ ၂၃၊၂၀၂၂ ခုနှစ် ။
     
    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် One Year Strategy (တစ်နှစ်ဗျူဟာ)ကို ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်က ပြောသည်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (၁၀/၂၀၂၂) ကို ယနေ့ နိုဝင်ဘာ ၂၃ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။

    (more…)

  • စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။
    မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။
    လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။
    “ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
    ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နယ်မြေစိုးမိုးမှု မလုပ်နိုင်သည့်အနေအထားများ ရှိလာပြီဖြစ်သည်။
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေကြသည်။

  • ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။
     
    မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။

    (more…)