NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ နဂါးနီးစစ်ကြောင်း ရဲဘော်များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့သည်။

တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း သို့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ သွားရောက်ကာစစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်များ ပေးအပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor