တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။

တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။

“ကျွန်တော်တို့ အဖွဲ့ ပြောချင်တဲ့ စကားကတော့ ကျွန်တော်တို့က အသက်စိုက်ပါ့မယ် လူကြီးမင်းတို့ ပိုက်ဆံ လေးပဲ စိုက်ပါဗျ၊ မင်းအောင်လှိုင်ဆီက ပြည်သူ့အာဏာရယ် ပြည်သူ့ မေမေရယ် ကျွန်တော်တို့ ရအောင် ပြန်ယူလာပေးပါ့မယ် လို့ တော်လှန်ရေး သစ္စာဖြင့်ကတိပြုပါတယ်ဗျ” B. 21 Kani PDFမှ ယနေ့ ပြောကြားထားသည်။

B.21 Kani PDF တပ်ဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများရှိသော်လည်း လှုပ်ရှားမှုမျန်သမျှတင်ပြပါက အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က ဓားစာခံပြုလုပ်ခြင်း၊ အင်တာနက်လိုင်း ခက်ခဲခြင်း၊ ခရိုင်ကွပ်ကဲရေးမှူးခွင့်ပြုမိန့်ရမှ သတင်းထုတ်ပြန်ခွင့်ရှိခြင်းတို့ကြောင့် ပြည်သူများထံ အချိန်နှင့်တပြေးညီ မတင်ပြနိုင်ခြင်းတို့ကို နားလည်ပေးကြရန် တင်ပြထားသည်။

တိုက်ပွဲများ လက်လက်ဖော်ဆောင်နိုင်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရေးနှင့်၊ တိုက်ခိုက်ရေးမိုင်းနှင့် လက်နက်ထုတ်လုပ်မှုများအတွက် ပြည်သူများ၏ ကူညီမှုများလိုအပ်နေသည့်အတွက် လှူဒါန်းပေးကြရန် B.21 Kani PDF မှ မေတ္တာရပ်ခံထားသည်။

#RedNewsAgency

By Editor