မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ?

စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။

စကစ အသည်းအသန်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရန်ကုန်မြို့နေ ပြည်သူတချို့ သူတို့လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရတဲ့အချိန်မှာ အရဲရင့်ဆုံး ထုတ်ဖော်ပြောဆိုခဲ့တဲ့ တော်လှန်ရေး ၂ နှစ်ပြည့် လူထု အသံ၊ လူထု ခံစားချက်များကို ကျွန်တော်တို့ တော်လှန်လူငယ် ဝိုင်းတော်သားတစ်စုက တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

PEOPLE VOICES Listen up! MAL!

With strong determination and full of revolutionary spirit, People of Myanmar are still denying to be governed by the military dictatorship although it has been two years since the military coup. No matter how long the dictators live, the people always wish and always think how to against them by the second.

The more the dictators oppress people in the most brutal ways, the more they get the bitter hatred of people and the more people defy them. Myanmar people will not accept any of the dictators’ illegal or artificial political pathways. Just have the freedom of speech, they will burn under this people’s hate. In this video, the people of a city with the strictest security like Yangon expressed their hatred and determination to the dictators when they were allowed to speak as they wished.

This video was presented by the revolutionary youth groups on the second anniversary of Spring Revolution. Collaboration by _ AJAY _AAMIJ_SOSMYANMAR

By Editor