အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲ‌ဘော်များ တိုက်ပွဲဝင်နေ

RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာနယ်မြေများအတွင်း စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲဘော်များ တိုက်ခိုက်နေကြောင်း သိရသည်။

“S.O.F Snipers” လက်ဖြောင့် ရဲဘော်များကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈မှ စနိုက်ပါသင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) မျ အဆင့်ဆင့်အနီးကပ် လေ့ကျင့်သင်ကြားပေးထားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fက အသိပေးထားသည်။

“စနိုက်ပါကျည် ၁၀၀ ရှိလျှင် ၇၅ တောင့်ကို လေ့ကျင့်ရမယ်၊ ၂၅ တောင့်နဲ့ ပစ်မှတ်ကိုတိတိကျကျအချိန်ကိုက် အခွင့်အရေးတိုင်းကို လက်မလွှတ်တမ်း ချေမှူန်းသုတ်သင်နိုင်မယ်” ဟု မရိန်းသင်တန်းဆရာက ပြောထားသည်မှာ မှန်ကန်ကြောင်း၊ ၂၀၂၃ ဇန်နဝါရီလ တောင်စွန်းတိုက်ပွဲ (လေးရက်) အတွင်း S.O.F စနိုက်ပါနှင့် ပူးပေါင်းအဖွဲ့များမှ ရန်သူ ၂၃ ဦးအထိ သုတ်သင်ရှင်းလင်းနို​င်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F က အသိပေးထားသည်။

တိုက်ပွဲတပွဲတွင် စနိုက်ပါရဲဘော်အနေဖြင့် ရန်သူ တယောက်မှ ငါးယောက်အထိ သုတ်သင်နိုင်ကြောင်း၊ S.O.F တပ်ဖွဲ့အတွင်း စနိုက်ပါတွေ ထပ်ပြီးတပ်ဆင်နိုင်ရင် ယ္ခုထက် အောင်မြင်မှူတွေ ပိုရလာမည်ဖြစ်ကြောင်း ၊တပ်မဟာ (၆)/(၄) ရှေ့တန်းစစ်ကြောင်းများတွင် ဖြန့်ကျက်လှုပ်ရှားရန် စီစဉ်နေကြောင်း သိရသည်။

#RedNewsAgency

By Editor