စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ်
ဇင်လင်းနိုင်
ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်တဲ့နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးမယ်လို့ နေ ပြည်တော်မှာ စက်တင်ဘာ ၂၇ ရက် မနေ့က လုပ်တဲ့ အစည်းအဝေးမှာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဒါ့အပြင် ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝိဝါဒကွဲပြားမှုတွေရှိနေတယ်လို့ သူက ဆိုပြန်ပါတယ်။ ဒီပြောဆိုမှုဟာ သူတို့နဲ့ မဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ရည်ညွှန်းတာလို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်ပက ဘယ်လိုပယောဂလဲ၊ ဘယ်လို ဝိဝါဒကွဲသလဲဆိုတဲ့ စကား (သတင်းထုတ်ပြန် ဝါဒဖြန့်တဲ့အထဲမှာတော့) တစ်စွန်းတစ်စမျှ မပါပေ။
အဲဒီလို အာဏာသိမ်းခေါင်းဆောင် ပြောကြားချက်တွေဟာ ဗမာပြည်နယ်ဖွဲ့စည်းဖို့ SSPP က စစ်ကောင်စီ ဥက္ကဌကိုတိုက်တွန်းခဲ့တာ၊UWSP “ဝ” ပြည်နယ် သတ်မှတ်ဖို့နဲ့ NDAA မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ရေး မူအာဖြင့် သဘောတူတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါတယ် ။စက်တင်ဘာ ၂၆ ရက်နေ့မှာ SSPP/ SSA၊ UWSP ၊ NDAA တို့နဲ့ စစ်ကောင်စီ ခေါင်းဆောင် တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံစဥ်မှာ အကျေအလည် မဖြစ်ခဲ့လို့လား၊ညှိနှိုင်းမှု အဖုအထစ်ဖြစ်သွားခဲ့တာလားဆိုတာ တွေးစရာတွေလည်း ရှိနေပါတယ်။
(more…)