Tag: MNDAA

  • MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

    MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

    RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။

    ညီနောင် မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မန္တလေး PDF ရဲဘော်များ ဆင်နွှဲနေသည့် တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပွင့်ဗိုလ် ၁ ဦးအပါအဝင် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

    “၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

    (more…)

  • ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

    စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

    ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

    အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော ရန်သူများကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ရသည်ဟု သိရသည်။

    (more…)

  • Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ပြည်သူလူထု ပုံစံအမျိုးမျိုးဖြင့် ပူပေါင်းပါဝင်ရန် တိုက်တွန်း

    Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ပြည်သူလူထု ပုံစံအမျိုးမျိုးဖြင့် ပူပေါင်းပါဝင်ရန် တိုက်တွန်း

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

    ညီနောင် မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့စတင် ဆင်နွှဲနေသည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂတစ်ယောက်ချင်စီကို များစွာကျေးဇူးတင်ရှိကြောင်း MMDAA၊ TNLA၊ AA တို့က ထုတ်ပြန်ထားသည်။

    Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ဆင်နွှဲနေသည်မှာ ယနေ့ ၃ ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်စခန်း အသေးအကြီး စုစုပေါင်း ၅၀ ဝန်းကျင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းရွှေဟော်မြို့နှင့် သိန္နီမြို့တို့ကို ထိမ်းချုပ်ထားကြောင်း သိရသည်။

    (more…)

  • သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

    သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberaion Army – PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။

    “PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။

    (more…)

  • “သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

    “သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

    RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။

    မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး “Operation 1027” တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

    စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

    တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

    “ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်”
    *****************************

    လှဆောင်

    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေက ဒီနေ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို အံ့အားသင့်သွားစေပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေ ပပျောက်ရေးအတွက်ပါလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အိမ်နီချင်း တရုတ်နိုင်ငံက မီးစိမ်းပြလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

    ဒီနေ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး တံတားပါ ပျက်စီးခဲ့တဲ့နေရာဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်အဝင်မှာပါ။ အဲဒီ ချင်းရွှေဟော်မြို့ဆိုတာဟာ မန်းလေးဘက်က တက်လာရင် လားရှိုးအကျော် မူဆယ်မရောက်ခင် သန္နီမြို့လမ်းခွဲကနေ ညာဘက်ချိုးသွားရတာပါ။ ကွမ်လုံကိုကျော်ပြီး တံတားကူးပြီးရင်တော့ ချင်းရွှေဟော်ကို ရောက်ပါပြီ။ အဲဒီလို သန္နီကနေ ညာမချိုးဘဲ ရှေ့ဆက်သွားရင်တော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို ရောက်ပါတယ်။ ဒီတော့ ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) မနက်ပိုင်း MNDAA ရဲ့ ထုတ်ပြန်ချက်အရ တော်လှန်ရေးအင်အားစုတွေဟာ လားရှိုး-မန္တလေး-မူဆယ် လမ်းမကြီးကို လားရှိုးကနေစပြီး မူဆယ်အထိ ပိတ်ချလိုက်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတာကတော့ လားရှိုးမြို့မှာပါ။ လားရှိုးလောက်နေ လမ်းစပိတ်လိုက်တဲ့အတွက် စစ်ကောင်စီဟာ စစ်ကူပို့ဖို့ မလွယ်ကူခဲ့ပါဘူး။

    အဲဒီနောက် နေရာဒေသ ၅ ခုမှာ မနက် ၄ နာရီကစပြီး တော်လှန်ရေးအဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်စခဲ့ပါတယ်။ နောက်တော့ ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်ဖြစ်ပြီး ဦးသန်းရွှေခေတ်မှာ ပြည်သူ့စစ်အဖြစ်မပြောင်းနိုင်တာကြောင့် ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

    ယမန်နေ့က စတင်လိုက်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့က တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင်တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈)လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ (တစ်သောင်းကျော်)နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    (more…)

  • စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    “စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ”

    မောင်ဝိ

    မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။

    အောက်တိုဘာ ၂၇ ရက်​နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်များမှာ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေ အသိမ်းခံနေရသလို ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းထားလိုက်ပြီလို့ ကြားနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ စခန်းတွေနဲ့အတူသံချပ်ကာကားနှစ်စီး သိမ်းပိုက်နိုင်ခဲ့ကြောင်း လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရတယ်။

    တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

    နောက်ထပ်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးအနီး က စစ်ကောင်စီရဲ့ “ရင်ကွဲတောင်” တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်​​နေ့၊ မနက် ၁၀နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ မန္တလေး PDF ကလည်း မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကြေညာထားပါသေးတယ်။

    (more…)

  • MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

    MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ပြီး ယနေ့ နံနက်စောစောပိုင်းက ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့အနီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကြောင်း သိရသည်။

    MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့် တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး ချင်းရွှေဟော်မြို့အဝင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များကို စတင်တိုက်ခိုက်ပြီး ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

    (more…)